တီဗက်ဇ်ကို ဝယ်ယူဖွယ်ရှိကြောင်း ဂျူဗင်းတပ်စ် ဒါရိုက်တာ အရိပ်အမြွက် ပြောကြား
By nyomyint on အားကစား from www.soccermyanmar.com
အီတလီ စီးရီးအေ ချန်ပီယံ အသင်းသည် အာဂျင်တီးနား လက်ရွေးစင် နှစ်ဦးဖြစ်သည့် ဂွန်ဇာလို ဟီဂူအင်းနှင့် တီဗက်ဇ်တို့ကို စိတ်ဝင်စားနေကြောင်း သတင်းများက ဖော်ပြလျှက် ရှိသည်။ ရီးယဲလ်မက်ဒရစ် အသင်းသည် ဟီဂူအင်းကို ရောင်းထုတ်ရန် အစီအစဉ်ရှိကြောင်း အတည်ပြုထားသလို မန်ချက်စတာ စီးတီးတွင်လည်း မန်နေဂျာ အပြောင်းအလဲကြောင့် တီဗက်ဇ်မှာ အသင်းမှ ထွက်ခွာဖွယ် ရှိနေသည်။



