"သုတေသန လုပ်ဖို့အတွက် အဲဒီဒေသက သားဖွားဆရာမတွေ၊ အနာကြီး လူနာဟောင်းတွေ၊ ဆေးစားဆဲ လူနာဟောင်းတွေကို သင်တန်းပေးမယ်။ ပြီးရင် လူနာရှာဖွေရေး လုပ်ငန်းတွေမှာ သူတို့ကို တွဲပြီးလွှတ်မယ်။ အနာကြီးရောဂါ ခံစားနေရတဲ့သူတွေ ကိုယ်တိုင်ကနေပြီးတော့ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ပြောပြပြီး ဟောပြောပွဲတွေ လုပ်မယ်။ လက္ခဏာတွေက ဘယ်လိုစပေါ်တယ်။ တချို့ကျတော့လည်း လက္ခဏာ မပေါ်ဘဲ ကိုက်ခဲပြီး လက်တွေကောက်ကွေးသွားတာတွေ ရှိတယ်။ လူနာကိုယ်တိုင် ပြောပြခြင်းအားဖြင့် ဒီလိုခံစားရတဲ့ လူနာမှာ လူနာရှင်နဲ့ဆိုတော့ လူနာတွေ ပိုပြီးထွက်လာနိုင်မယ်။ ဒီလိုနည်းနဲ့ လူနာသစ်ရှာဖွေတဲ့ လုပ်ငန်းတွေကို လုပ်မယ်။ ပြီးရင် သူတို့ကောက်ယူထားတဲ့ လူနာစာရင်းတွေ အချက်အလက