ရေကြီးမှုကြောင့် ပြည်နယ်သုံးခုတွင် ကယ်ဆယ်ရေးစခန်း ၁၀၃ခု ဖွင့်လှစ်ထားရ
By sandarmoe on ပြည်တွင်း from www.mizzimaburmese.com
ရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွေ့နေထိုင်ရသော လူဦးရေ ၃၄၀၀၀ ကျော်အတွက် ကယ်ဆယ်ရေးစခန်း ၁၀၃ ခု ဖွင့်လှစ်ပေးထားသည်ဟု မီးသတ်ဦးစီးဌာန၏ ဇူလိုင် ၃၁ ရက်အထိ စာရင်းများအရ သိရသည်။
အဆိုပါ ပြည်နယ်သုံးခုတွင် ရေကြီးနစ်မြုပ်မှုကြောင့် ဇူလိုင်လ ၂၇ ရက်မှ ၃၁ ရက်အထိ ကယ်ဆယ်ရေးစခန်းသို့
ပြောင်းရွေ့နေရာချထားသော အိမ်ထောင်စု ၇၀၀၀ ကျော်မှ လူဦးရေ ၃၄၀၀၀ ကျော် ရှိနေပြီဖြစ်သည်။