မန်စီးတီးသည် ဥရောပ အဆင့်တွင် လိုအပ်ချက် များစွာ ရှိနေသေးကြောင်း မန်စီနီ သတိပေး

By sandarmoe on from www.soccermyanmar.com

အီတလီသား မန်စီနီက ဥရောပ အဆင့်တွင် ထိပ်သီးအသင်းအဖြစ် ရပ်တည်နိုင်လောက်အောင် မန်စီးတီးတွင် တောင့်တင်းမှု မရှိသေးဟု ယုံကြည်နေသည်။ ချီလီသား ပယ်လီဂရီနီသည် ယခုအခါ အသင်းမှ ကစားသမား အများစုနှင့် တွေ့ဆုံပြီးဖြစ်ကာ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်များအတွက် ဆောင်ရွက်လျှက် ရှိသည်။ ပယ်လီဂရီနီသည် ဗီလာရီးယဲလ်နှင့် မာလာဂါတို့ကဲ့သို့ စပိန်ကလပ်များကို ချန်ပီယံလိဂ်တွင် မှတ်တမ်းကောင်းများ ပိုင်ဆိုင်အောင် စွမ်းဆောင်ပြထားပြီး မန်စီးတီးကိုလည်း အလားတူ လုပ်ဆောင်ပြမည်ဟု အသင်းအာဏာပိုင်များက ယုံကြည်နေသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 6
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ရွှေခြေထောက်ဆု ဆန်ခါတင် စာရင်းတွင် အမည် ပါဝင်နေသည့် ရော်နယ်လ်ဒို

By sandarmoe on from www.soccermyanmar.com

ဘာစီလိုနာ အသင်းမှ ပြိုင်ဘက် ကစားသမား အန်းဒရက်စ် အင်နီယေစတာသည်လည်း ယခုစာရင်းတွင် ရော်နယ်လ်ဒိုနှင့်အပြိုင် ပါရှိနေပြီး အသင်းဖော် အိုင်ကာ ကားဆီးလက်စ်လည်း မျှော်လင့်နိုင်သူ တစ်ဦးအဖြစ် ရေပန်းစားနေသည်။ ရွှေခြေထောက်ဆုကို ချီးမြှင့်ရာတွင် ဆုရပြီးသူ တစ်ဦးကို နောက်ထပ် ပေးအပ်တော့ခြင်း မရှိဘဲ အသက်(၂၈)နှစ်အထက် ကစားသမားများကိုသာ ရွေးချယ် ဆုပေးခြင်း ဖြစ်သည်။ ပေါ်တူဂီ လက်ရွေးစင် ရော်နယ်လ်ဒိုသာ ယင်းဆုကို ရရှိပါက ၎င်း၏ နိုင်ငံသမိုင်း တစ်လျှောက်တွင် ထိုဆုကို ပထမဆုံး ရရှိဖူးသူ ဖြစ်လာမည်ဟု ဆိုသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 6
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

နေရာ ပြိုင်ဆိုင်မှုများကို ကြိုဆိုကြောင်း မစ်ဂ်နိုလတ် ပြောကြား

By sandarmoe on from www.soccermyanmar.com

ဘယ်လ်ဂျီယံ လက်ရွေးစင် ဂိုးသမားသည် ပြီးခဲ့သည့်လက ဆန်းဒါးလန်းမှ ပေါင်စတာလင် (၁၀)သန်း ဝန်းကျင်ဖြင့် ပြောင်းရွှေ့လာပြီးနောက် ပွဲထွက် နေရာအတွက် စပိန်သား ပီပီရေနာနှင့် အဓိက ပြိုင်ဆိုင်ရဖွယ် ရှိနေသည်။ ဆန်းဒါးလန်းတွင် လက်စွမ်းပြနိုင်ခဲ့သည့် မစ်ဂ်နိုလတ်ကမူ စိန်ခေါ်မှုများကို နှစ်သက်ကြောင်း ပြောဆိုခဲ့သည်။ ၎င်းက "ဘောလုံးမှာ ပြိုင်ဆိုင်မှု ဆိုတာက အမြဲတမ်း တည်ရှိနေတဲ့ အရာပါ။ ဆန်းဒါးလန်းနဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းတွေမှာလည်း ကျွန်တော် ဒီလို အားပြိုင်မှုတွေ ကြုံခဲ့ရတာပဲလေ"ဟု ဆိုသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 6
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ဇာဟာကို အငှား ပြန်ခေါ်ရန် ကြိုးစားမည် မဟုတ်ဟု ပဲလေ့စ် မန်နေဂျာ ပြောကြား

By sandarmoe on from www.soccermyanmar.com

မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့သွားသည့် အသက်(၂၀)အရွယ် အင်္ဂလန် လက်ရွေးစင် လူငယ် တောင်ပံတိုက်စစ်သမားကို ဟော်လိုဝေးက အငှားပြန်လည် ခေါ်ယူရန် စဉ်းစားခဲ့သော်လည်း နောက်ပိုင်းတွင်မူ လက်လျှော့ခဲ့သည်။ ယူနိုက်တက်သည် ဆောင်းရာသီ ဈေးကွက် ကာလကတည်းက ဇာဟာကို ဝယ်ယူထားပြီး ရာသီကုန်ထိ ပဲလေ့စ်တွင် အငှားချထားသည်။ ဇာဟာသည် ပဲလေ့စ်အသင်းကို ပရီးမီးယား လိဂ်သို့ တက်ရောက် ကစားနိုင်အောင် အစွမ်းကုန် ကူညီပေးပြီးနောက် အင်္ဂလန် ချန်ပီယံ အသင်းထံ ကူးပြောင်းလာခဲ့သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 3
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

အိမ်ရှင် ဘရာဇီးလ် အသင်း ချန်ပီယံဖြစ်လာသည့် ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲ

By jackiekyaw on from www.soccermyanmar.com

ကွန်ဖက်ဒရေးရှင်း ဖလား ဗိုလ်လုပွဲ အဖြစ် ဘရာဇီးလ်နှင့် စပိန်တို့ ယှဉ်ပြိုင် ကစားခဲ့ရာတွင် အိမ်ရှင် ဘရာဇီးလ် အသင်းက ဂိုးရလဒ် ပြတ်သားစွာဖြင့် အနိုင်ရရှိသွားသည်။
ဘရာဇီးလ်ဘက်တွင် ဖရက်ဒ်၊ ဟော့ခ်၊ နေမာ၊ အော်စကာ၊ လူးဝစ်ဂူစတက်ဗ်၊ ပေါ်လင်ဟို၊ မာဆယ်လို၊ ဒေးဗစ်လုဇ်၊ သီယာဂိုဆေးလ်ဗားနှင့် ဒန်နီအဲလ်ဗက်စ်တို့ ပွဲထွက် ပါဝင်လာခဲ့သည်။ စပိန် အသင်းတွင်မူ ဖာနန်ဒိုတောရက်စ်၊ ဟွမ်မာတာ၊ ပက်ဒရို၊ အန်းဒရက်စ် အင်နီယေစတာ၊ ရှာဗီဟာနန်ဒက်ဇ်၊ ဆာဂျီယို ဘုရှ်ကွက်စ်၊ ယော်ဒီအယ်လ်ဘာ၊ ဆာဂျီယိုရာမို့စ်၊ ဂျရတ်ပီကေး၊ အယ်လ်ဗာရို အာဘီလိုအာတို့ ကစားခဲ့သည်။ ယခုပွဲတွင် အရေးနိမ့်သွားခြင်းကြောင့် စပိန်တို့ (၂၉)ပွဲဆက် ရှုံးပွဲမရှိ စံချိန်လည်း ရ
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 9
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

စပိန် ယူ ၂၁ အသင်း ဥရောပဖလား ဆွတ်ခူး

By kyawswaraung on from news.yatanarpon.com.mm

အီတလီနှင့် စပိန် အသင်းတို့ ဥရောပ ယူ - ၂၁ ဖလား ဗိုလ်လုပွဲစဉ်ကို အစ္စရေးနိုင်ငံ၊ ဂျေရုဆလမ်မြို့ရှိ တက်ဒီ အားကစားကွင်းတွင် အင်္ဂါနေ့ (ဇွန်လ ၁၈ ရက်) ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်က ၄-၂ ဂိုးဖြင့် အနိုင်ရရှိကာ ဥရောပ ချန်ပီယံ ဆုဖလားကို ဆွတ်ခူးရရှိသွားသည်။ စပိန်အသင်းအတွက် အဖွင့်ဦးဆောင်ဂိုးကို ပွဲကစားချိန် ၆ မိနစ်တွင် တီယာဂိုက သွင်းယူခဲ့သည်။ ပွဲကစားချိန် ၁၀ မိနစ်တွင် အီတလီ ကစားသမား အမ်မိုဘိုင်းက ချေပဂိုး သွင်းယူခဲ့သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ဝက်စ်ဘရွန်းဝစ်ခ်ျ လူငယ်လေး ဒန်းဒါး အတွက် အာဆင်နယ်နှင့် လီဗာပူးလ် အပြိုင်အဆိုင် ကြိုးပမ်းနေ

By kyawswaraung on from news.yatanarpon.com.mm

လီဗာပူးလ်နှင့် အာဆင်နယ် အသင်းများသည် ဝက်စ်ဘရွန်းဝစ်ခ်ျ လူငယ် အသင်းမှ ယန်ဒန်းဒါး အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြောင်း သိရှိရသည်။ အသက် (၁၄) နှစ်သာ ရှိသေးသော ဒန်းဒါးသည် ၎င်း၏ ထူးချွန်သော ကစားပုံကို မှတ်တမ်း တင်ထားသည့် ဗီဒီယိုများ အင်တာနက်တွင် ပျံ့နှံ့လာရာမှ လူသိများ ထင်ရှားလာသူ တစ်ဦးလည်း ဖြစ်သည်။ အာဆင်နယ် အသင်းသည် ဒန်းဒါးကို ခေါ်ယူရန် ဝက်စ်ဘရွန်းဝစ်ခ်ျအား ချိတ်ဆက်မှုများ ပြုလုပ်နေပြီး တစ်ဖက်တွင် လီဗာပူးလ်ကလည်း အားပြိုင်လာခြင်း ဖြစ်သည်။ ဝက်စ်ဘရွန်းဝစ်ခ်ျသည် အာရှ ဘောလုံးကြယ်ပွင့် ပြိုင်ပွဲတွင် ဒန်းဒါးကို တွေ့ရှိပြီးနောက် လူငယ် အသင်းအတွက် ခေါ်ယူထားခြင်း ဖြစ်သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

မိုယက်စ် လက်ထက် ပထမဆုံး ရာသီတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် ဖာဒီနန် မျှော်လင့်

By cherrythet on from www.soccermyanmar.com

အင်္ဂလန် လက်ရွေးစင်ဟောင်း ဗဟိုနောက်ခံ ကစားသမားက ဂန္တဝင် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် အနား ယူသွားသည့်တိုင် ယူနိုက်တက်၏ ခေတ်တစ်ခု ကုန်ဆုံးသွားမည် မဟုတ်ဟု ပြိုင်ဘက်များအား သတိပေးခဲ့သည်။ ဖာဒီနန်က "မိုယက်စ် လက်အောက်မှာ ချန်ပီယံဆု ပြန်လည် ရယူရေးဟာ အင်မတန် ခမ်းနားတဲ့ အခြေအနေ ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ ရာသီက အကြိမ်(၂၀)မြောက် ချန်ပီယံဆုကို ကျွန်တော်တို့ ရခဲ့တယ်။ အကောင်းဆုံး ရာသီ တစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီထက် ပိုမျှော်လင့် ထားဆဲပါ။ လူသစ်တစ်ယောက် ဦးဆောင်တဲ့ ပထမဆုံး အားထုတ်မှုမှာတင် ချန်ပီယံ ဖြစ်လာမယ် ဆိုရင် သိပ်ကို ကောင်းမွန်တဲ့ အရာမျိုးလို့ ဆိုရမှာပါ" ဟု မှတ်ချက်ပြုခဲ့သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ဆွာရက်ဇ်ကို ရီးယဲလ် ကမ်းလှမ်း လာပါက မိုရာတာကို လီဗာပူးလ် အလိုက် တောင်းဖွယ်ရှိ

By cherrythet on from www.soccermyanmar.com

လီဗာပူးလ်သည် အသင်း၏ အဓိက ဂိုးသွင်းစက်ဖြစ်သော ဥရုဂွေး လက်ရွေးစင်ကို အဆုံးရှုံး မခံလိုသည့်တိုင် ရီးယဲလ်က အမှန်တကယ် ချဉ်းကပ်လာပါက တားဆီးရန် ခက်ခဲဖွယ် ရှိနေသည်။ ထိုသို့သော အခြေအနေမျိုး ကြုံလာပါက အသင်းမန်နေဂျာ ဘရန်ဒန် ရော့ဂျာက စပိန် တက်သစ်စ တိုက်စစ်မှူးလေး မိုရာတာကို ပြန်လည် တောင်းဆိုရန် လိုလားနေခြင်း ဖြစ်သည်။ မိုရာတာသည် ရီးယဲလ်တွင် ကီရင်ဘန်ဇီးမားနှင့် ဂွန်ဇာလို ဟီဂူရင်းတို့ကြောင့် ပွဲထွက်နေရာ အတွက် ရုန်းကန်နေရသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

မစ်ဂ်နိုလတ်ကို ခေါ်ယူရန် နီးစပ်နေပြီး ဟင်းနရစ်ခ်ကိုလည်း ဆက်လက် ချိတ်ဆက်နေသည့် လီဗာပူးလ်

By cherrythet on from www.soccermyanmar.com

လီဗာပူးလ်သည် ဆန်းဒါးလန်းနှင့် အတူ လက်စွမ်း တည်ငြိမ်သော ဘောလုံးရာသီ တစ်ခုကို ဖြတ်သန်းခဲ့သည့် မစ်ဂ်နိုလတ်ကို ပြီးခဲ့သည့် သီတင်းပတ်များ အတွင်း ကတည်းက အလေးအနက် ချိတ်ဆက်လာသည်။ အသင်း၏ မန်းနေဂျင်း ဒါရိုက်တာ အီယန်အိုင်ရီသည် ယခု အပြောင်းအရွှေ့ကို ထဲထဲဝင်ဝင် လုပ်ဆောင်ရေး အတွက် ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေရိုးတွင် ပြုလုပ်မည့် ဘောလုံး စီးပွားရေး အခွင့်အလမ်းများ ညီလာခံ တက်ရောက်ရန် ကိစ္စကိုပင် ပယ်ဖျက်ခဲ့သည်။ လက်ရှိ ဂိုးသမား ပီပီရေနာ ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် တစ်စထက်တစ်စ နီးစပ် လာသည့်နောက် လီဗာပူးလ်က မစ်ဂ်နိုလတ်ကို ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ချယ်လ်ဆီးကို မိမိ၏ ကိုယ်ပိုင် စည်းမျဉ်းများအတိုင်း ကြပ်မတ် ကိုင်တွယ်မည်ဟု မော်ရင်ဟို ပြောကြား

By YaminThu on from www.soccermyanmar.com

ပေါ်တူဂီသား မန်နေဂျာ မော်ရင်ဟိုသည် ချယ်လ်ဆီးကို တစ်ကျော့ပြန် ကိုင်တွယ်ခဲ့သည့်နောက် ဇူလိုင်လ (၁၀)ရက်နေ့တွင် အသင်းသား များနှင့် တွေ့ဆုံ စကားပြောရန် ရည်ရွယ်ထားသည်။ ပြီးခဲ့သည့် ရာသီက မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ(ဟောင်း) ဆာအဲလက်စ် ဖာဂူဆန်က အင်္ဂလန်တွင် ကစားသမား များ၏ ဩဇာက ပိုမို ကြီးမားလာပြီး မန်နေဂျာ အပြောင်းအလဲ များတွင် ယင်းကိစ္စက ဆက်နွယ်နေကြောင်း ဝေဖန်ခဲ့ဖူးသည်။ ချယ်လ်ဆီးကို (၂၀၀၇)ခုနှစ်က စွန့်ခွာ သွားဖူးသည့် မော်ရင်ဟိုကမူ မည်သည့် ကစားသမားမျှ အသင်း အထက်တွင် မရှိစေရဟု ပြောကြားခဲ့သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ချန်ပီယံလိဂ် ပုံမှန် ကစားခွင့်ကြောင့် ရီးယဲလ်သို့ သွားရောက်လိုကြောင်း ဆွာရက်ဇ် ဝန်ခံ

By YaminThu on from www.soccermyanmar.com

အသက်(၂၆)နှစ်ရှိ တိုက်စစ်မှူးသည် စပိန်ကို (၂-၁)ဖြင့် အရေးနိမ့်သော ကွန်ဖက်ဒရေးရှင်း ဖလား ပြိုင်ပွဲတွင် ဥရုဂွေး အတွက် ဂိုးသွင်းယူ ပေးခဲ့သည်။ ၎င်းသည် လီဗာပူးလ်မှ ထွက်ခွာပြီး ရီးယဲလ်သို့ ပြောင်းရွှေ့နိုင်ကြောင်း သတင်းများ ထွက်ပေါ် နေချိန်တွင် ယင်းကိစ္စ အပေါ် ထင်ကြေးများ ပိုမို ကျယ်ပြန့် လာစေမည့် မှတ်ချက် စကားမျိုး ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဆွာရက်ဇ်က လီဗာပူးလ်တွင် ကစားနေစဉ် အလုံးစုံ ပေးဆပ်နေမည် ဖြစ်သော်လည်း ချန်ပီယံ လိဂ်တွင် နှစ်တိုင်း မကစား ရခြင်းကိုမူ စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း ပြောကြားသွားသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

အနာဂတ်ကို တိတိကျကျ မှတ်ချက် မပေးလိုသေးဟု နာနီပြောကြား

By YaminThu on from www.soccermyanmar.com

မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ရှေ့ဆက်မည့် အနာဂတ်ကို တိတိကျကျ မှတ်ချက် မပေးလိုသေးကြောင်း လူးဝစ်နာနီက ပြောကြားလိုက်သည်။
ပေါ်တူဂီ လက်ရွေးစင် တောင်ပံ တိုက်စစ်သမားသည် အသင်းနှင့် သက်တမ်းတိုး စာချုပ်ရေး ကိစ္စ အဆင် မပြေသေးဘဲ ရှိနေပြီး အိုးလ်ထရက်ဖို့ဒ်တွင် စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ဖြတ်သန်း ဝင်ရောက် လာခဲ့သည်။ အသက်(၂၆)နှစ်ရှိ နာနီကို ပြင်သစ်ကလပ် မိုနာကိုက ခေါ်ယူရန် စိတ်ဝင်စားလျှက် ရှိသည်။ နာနီကမူ "ကျွန်တော့် အနာဂတ်နဲ့ ပတ်သက်ပြီးလား။ ဘာမှတော့ သေချာ မသိသေးဘူး။ ကျွန်တော် တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ်။ အရာရာကို ကျွန်တော် ကိုင်တွယ်နိုင်ဆဲပါ" ဟု ဆိုသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ဂွာရင်ကို ခေါ်ယူရန် စပါး ကြိုးပမ်းနေဟု အင်တာ ဥက္ကဋ္ဌ အတည်ပြု

By YaminThu on from www.soccermyanmar.com

တော့တင်ဟမ် ဟော့စပါး အသင်းက မိမိတို့၏ ကစားသမား ဖရက်ဒီ ဂွာရင်ကို အလေးအနက် စိတ်ဝင်စားနေကြောင်း အင်တာမီလန်ဘက်မှ ထုတ်ဖော် ပြောကြားလိုက်သည်။
အီတလီ ထိပ်တန်း ကလပ် အသင်းကြီး၏ ဥက္ကဋ္ဌဖြစ်သူ မက်ဆီမို မိုရက်တီက လန်ဒန်အခြေစိုက် အသင်းသည် အသက်(၂၆)နှစ်ရှိ ကွင်းလယ် ဖန်တီးရှင်ကို အလို ရှိနေပြီး ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ စပါးအသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် အဆိုပါ ကိုလံဘီယာ လက်ရွေးစင်၏ ကစားပုံကို နှစ်သက်သူလည်း ဖြစ်သည်။ ဈေးကွက် ပြန်ဖွင့်ချိန်တွင် စပါး အပြင် အခြား ဥရောပ ကလပ် အချို့ကလည်း ဂွာရင်ကို ချိတ်ဆက် ကြိုးပမ်းလာဖွယ် ရှိနေသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ကွန်ဖက်ဒရေးရှင်းဖလား ဗိုလ်လုပွဲသို့ အီတလီ တက်ရောက်မည်ဟု ဘာလော့တယ်လီ ယုံကြည်ထား

By YaminThu on from www.soccermyanmar.com

အီတလီ လက်ရွေးစင် အသင်း အနေဖြင့် ကွန်ဖက်ဒရေးရှင်းဖလား ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည်ဟု ယုံကြည်ထားကြောင်း တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီက ပြောကြားခဲ့သည်။ဘာလော့တယ်လီသည် အုပ်စုအဖွင့် ပွဲစဉ်တွင် မက္ကစီကိုအား အီတလီက (၂-၁)ဖြင့် အနိုင် ရခဲ့ရာ၌ တစ်ဂိုး သွင်းယူပေးခဲ့သည်။ အေစီမီလန် အသင်း၏ အသက်(၂၂)နှစ်အရွယ် တိုက်စစ်မှူးက မိခင်နိုင်ငံ အသင်းကို ပွဲဦးထွက် (၃)မှတ် ရအောင် စွမ်းဆောင် ပေးခဲ့သည့်နောက် ဗိုလ်လုပွဲထိ မျှော်လင့်ထားကြောင်း ဆိုသည်။ အီတလီသည် ဥရောပ ချန်ပီယံ စပိန်အသင်း ကိုယ်စား (စပိန်က ကမ္ဘာ့ချန်ပီယံ အနေဖြင့် ပြိုင်ပွဲဝင်ခြင်းကြောင့်) ဒုတိယဆုရ အသင်းအဖြစ် ကွန်ဖက်ဒရေးရှင်း ဖလားတွင် ပါဝင်လာခြင်း ဖြစ်သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

လီဗာပူးလ်သို့ ပြောင်းရွှေ့ရေး စိတ်လှုပ်ရှားနေသည့် အက်စ်ပက်စ်

By zawminnaing on from news.yatanarpon.com.mm

လီဗာပူးလ်သို့ ပြောင်းရွှေ့ရမည့် အခြေအနေအတွက် အလွန် စိတ်လှုပ်ရှားနေမိပြီဟု အိုင်ဂို အက်စ်ပက်စ်က ထုတ်ဖော် ပြောကြားလိုက်သည်။
အသက် (၂၅) နှစ်ရှိ ကစားသမားသည် ပေါင်စတာလင် (၇) သန်းတန် အပြောင်းအရွှေ့အတွက် ဗုဒ္ဓဟူးနေ့က လီဗာပူးလ်တွင် ဆေးစစ်မှု ခံယူပြီး ဖြစ်သည်။ ဆယ်လ်တာဗီဂို အသင်းမှ အန်းဖီးလ်သို့ ပြောင်းရွှေ့လာမည့် စပိန်သား တိုက်စစ်မှူးသည် ယခုလမကုန်မီ လီဗာပူးလ်နှင့် အပြီးသတ် စာချုပ်နိုင်ဖွယ် ရှိနေသည်။ အသေးစိတ် အချက်အလက်များ ညှိနှိုင်းရန် ကျန်ရှိနေသေးသော်လည်း လီဗာပူးလ် ကစားသမားဘဝကို ခံယူခွင့်ရရန် သေချာသလောက် ရှိနေသည့်နောက် အက်စ်ပက်စ်က ယင်းအတွက် စိတ်လှုပ်ရှားနေကြောင်း ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ဇေယျာနှင့် မှတ်တမ်းဆိုးများကို ချေဖျက်မည်ဟု ဆီဗာဂျီဆို

By kokopaing on from www.soccermyanmar.com

ကမ္ဘောဇ အသင်း၏ နည်းပြချုပ် ဆီဗာဂျီက ဇေယျာရွှေမြေနှင့် တွေ့ဆုံတိုင်း ရလဒ်မကောင်းမှုများကို ယခုတစ်ကြိမ်တွင် ချေဖျက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဇသည် ဇေယျာရွှေမြေနှင့် နောက်ဆုံး(၆)ကြိမ် တွေ့ဆုံမှုတွင် တစ်ကြိမ်မျှ အနိုင်မရခဲ့ဘဲ (၄)ကြိမ်ရှုံးကာ (၂)ကြိမ် သရေကျထားသည်။ ကမ္ဘောဇသည့် ဇေယျာရွှေမြေ အိမ်ကွင်း၌ နောက်ဆုံး ကစားခဲ့သည့် (၂)ကြိမ်စလုံး ရှုံးနိမ့်ထားရာ လာမည့် ပွဲစဉ်တွင် ဇေယျာအိမ်ကွင်း၌ ကမ္ဘောဇ နိုင်ပွဲမရနိုင် ဟူသည့် ခန့်မှန်းချက်များကို ချေဖျက်သွားမည် ဖြစ်ကြောင်း ဆီဗာဂျီက ပြောကြားခဲ့ခြင်း ဖြစ်သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ဂျူဗင်းတပ်စ်နှင့် မိုနာကို တစ်သင်းသင်းထံ ပြောင်းခွင့်ရရန် မျှော်လင့်နေသည့် နာနီ

By jackiekyaw on from news.yatanarpon.com.mm

မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာဖွယ် ရှိနေသည့် ပေါ်တူဂီ လက်ရွေးစင် တောင်ပံ ကစားသမားကို တူရကီကလပ် ဂါလာတာဆာရေးက ချဉ်းကပ်ခဲ့သေးသော်လည်း ယူနိုက်တက်က ပယ်ချခဲ့သည်။ အင်္ဂလန် ချန်ပီယံ အသင်းက ၎င်းတို့နှင့် စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်တော့သည့် ကစားသမား အတွက် ပေါင်စတာလင် (၈) သန်းတန် ပြောင်းရွှေ့ကြေးမျိုးကို အလိုရှိနေကြောင်း သတင်းများက ဆိုသည်။ မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်၏ အနာဂတ် စီမံကိန်းတွင် နာနီ အနေဖြင့် ပါဝင်ခွင့် ရဖွယ် မရှိသည့်နောက် ၎င်းသည် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာရန် နီးစပ်နေသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Man U ဘောလုံး အကျော်အမော်တွေ ရန်ပုံငွေပွဲဝင်ကစား

By kyawswaraung on from burmese.voanews.com

ဒီကနေ့တနင်္ဂနွေနေ့မှာပဲ ရန်ကုန်ကိုရောက်လာတဲ့ Man U အသင်းရဲ့ နောက်တန်း ကစားသမား ဟောင်း Dennis Irwin က မြန်မာနိုင်ငံကို ရန်ပုံငွေရှာပွဲတခုထဲအတွက်လာခဲ့တာ မဟုတ်ဘဲ မြန်မာနိုင်ငံက အပြောင်းအလဲတွေကိုကမ္ဘာက ထောက်ခံတယ်ဆိုတာကို ပြသဖို့ ရောက်လာခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ Man U ကစားသမားဟောင်းကြီးတွေဖြစ်တဲ့ Dennis Irwin၊ Andy Cole၊ Clayton Blackmore နဲ့ Lee Sharpe တို့ ၄ ယောက်ဟာ ဒီကနေ့ ညနေက ရန်ကုန် သုဝဏ္ဏကွင်းမှာ ကျင်းပတဲ့ ရန်ပုံငွေရှာ ဘောလုံးပွဲမှာ ဝင်ရောက်ကစားကြတာဖြစ်ပါတယ်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

အကြိတ်အနယ် ဆင်နွှဲလျက်ရှိသည့် ဥရောပ ယူ -၂၁ ဘောလုံး ပြိုင်ပွဲ

By kyawswaraung on from www.myawady.com.mm

ပွဲဖြစ်ပြီး ခြေစစ်ပွဲအောင် အသင်း ခုနစ်သင်းနှင့် အစ္စရေးအသင်းတို့သည် အုပ်စု နှစ်စုခွဲကာ ယှဉ်ပြိုင်ကစားလျက် ရှိကြသည်။ ခြေစစ်ပွဲအောင် အသင်းများမှာ အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ နယ်သာ လန်၊ နော်ဝေ၊ ရုရှားနှင့် စပိန်တို့ဖြစ်ကြသည်။
ပြိုင်ပွဲများကိုအစ္စရေးနိုင်ငံရှိမြို့ကြီးများဖြစ်သောတဲလ်အဗစ်၊ ဂျေရုစလင်၊ နေတန်ညာ၊ ပီတာတစ်ဂျာ စသော မြို့ကြီး များတွင် ယှဉ်ပြိုင် ကစားနေပြီဖြစ်သည်။ လက်ရှိချန်ပီယံ အသင်းမှာ စပိန်အသင်းဖြစ်သည်။ ယူ-၂၁ကမ္ဘာ့ဖလားပြိုင်ပွဲသည်ထင်ရှား ကျော်ကြားသည့် ဘောလုံးသမားများ မွေးထုတ်ရာ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ၂ဝဝ၆ ခုနှစ်ပြိုင်ပွဲတွင် ဟန်တဲလား၊ မော်တင်ညို၊ ချီရယ်လီနီ၊ ၂ဝဝ၇ ခုနှစ်ပြိုင်ပွဲတွင် ဒရန်သီ၊ အက
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!

Please Login To Submit A New Link

You must login to submit a new story. Don't have an account yet? Join now, it's free!