ဘက်ထရီကောင်းသည့် Acer စမတ်ဖုန်း Liquid S1

By jackiekyaw on from blog.techspace.com.mm

အရွယ်အစားက ၅.၇ လက်မ ဆိုတော့ ကျောက်သင်-စမတ်ဖုန်း လို့ ခေါ်ရ ပါမယ်။ ထူးခြားချက်ကတော့ ဘက်ထရီက ယနေ့ ထွက်နေတဲ့ စမတ်ဖုန်း အားလုံးထက် ပိုမို တာရှည်ခံပါတယ်လို့ဆိုပါတယ်။ Liquid S1 လို့ အမည်ပေး ထားပါတယ်။
1280x 720 screen, Processor 1.5 GHz, Android က 4.2 Jelly Bean OS, RAM က 1GB, internal က 8 GB, 32 GB အထိ Expend လုပ်နိုင်၊ ကင်မရာက 8 megapixel ဆိုတော့ ယနေ့နောက်ဆုံးပေါ် HTC One, Samsung S4 တို့ကို မမှီတာတော့ သေချာ ပါတယ်။
  • 1
  • Bury
  • Vote



အကြမ်းခံ Samsung Galaxy S4 Active ထွက်ရှိမည်

By jackiekyaw on from blog.techspace.com.mm

လက်တလော ဖြန့်ချီနေတဲ့ Samsung Galaxy S4 နဲ့မတူတဲ့ S4 မိသားစုဝင် နောက်တစ်မျိုးကို Samsung တို့ မိတ်ဆက်လိုက် ပါတယ်။ Samsung Galaxy S4 Active လို့ အမည်ရပါတယ်။
Sony အပြင် အခြားကုမ္မဏီအတော်များများက ရေစုံခံဖုန်း အကြမ်းခံ ဖုန်းတွေ ထုတ်နေပြီလေ။ Samsung လည်း ခေတ်နောက်ကျ မခံပါဘူး။ Samsung Galaxy S4 Active အမည်နဲ့ ရေစုံခံ၊ ဖုန်မှုန့်ဒဏ်ခံနိုင်မယ့် စမတ်ဖုန်း အမျိုးအစားကို မိတ်ဆက်ပြသခဲ့ပါတယ်။ဘာထူးခြားလဲ -
ထူးခြားချက်ကတော့ ရေအောက် ၃ ပေမှာ မိနစ် ၃၀ အထိ နေနိုင်ပြီး ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးလို့ ရပါတယ်တဲ့။ ပြီးတော့ အပြင် ကာဗာ၊ ကိုယ်ထည် များကလည်း အကြမ်းခံပါတယ်။ အဓိကကတော့ အကြမ်းခံမှုကို ဦးစား ပေးလိုက်တာပါ။ ေ
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 1
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

တစ်ချိန်က ရှားပါး ပြိုင်ကား Mercedes-Benz CLK GTR

By jackiekyaw on from blog.techspace.com.mm

FIA GT Championship အတွက် ရည်ရွယ်ပြီး ဂျာမနီ Mercedes Benz မှာ CLK GTR ၂၆ စီး ထုတ်လုပ်ခဲ့ပါတယ်။ ယင်းထဲမှာမှ အမိုးပွင့် ကားဆိုလို ၆ စီးပဲ ပါဝင်ခဲ့ပါတယ်။Street Legal car တန်းဝင်ပြီး ပြန်လည်ရောင်းချရာ တစ်စီးကို အမေရိကန်ဒေါ်လာ ၁.၅၄ သန်း တန်ပါတယ်။ ယနေ့ပေါက်ဈေးနဲ့ဆိုရင် ၂.၂ သန်း ရှိပါတယ်။ အင်ဂျင်ပါဝါ ၆၉၀၀ စီစီ ဆလင်ဒါ ၁၂ လုံးပူး V အင်ဂျင်ကို အသုံးပြုပြီး ထုတ်လုပ်နိုင်တဲ့ မြင်းကောင်ရေအားက ၆၅၀ ရှိပါတယ်။ ဒီဇိုင်းပိုင်းကို ကြည့်ရင်လည်း ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ထူးခြားပြောင်မြောက် နေပါတယ်။
  • 1
  • Bury
  • Vote



ယနေ့ ကင်မရာများထက် အဆ ၁ထောင်သာသော Sensor တီထွင် အောင်မြင်

By zawminnaing on from blog.techspace.com.mm

တကယ်ပဲ ယနေ့လက်ရှိ အသုံးပြုနေတဲ့ ကင်မရာက Sensor များထက် အဆ တစ်ထောင် ကြည်လင်ပြတ်သားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မျက်လုံး အမြင်နဲ့တောင် မြင်ရသလောက် ဓာတ်ပုံ ဗီဒီယို resolution ပေးနိုင်မှာပါ။ အသုံးပြုတဲ့ သတ္တုကတော့ Graphene ဖြစ်ပါတယ်။ ကာဘွန်အက်တမ် ဖွဲ့စည်း ထားတဲ့ သတ္တုတစ်မျိုးပါ။ ဆံပင်ထက်တောင် အဆပေါင်း များစွာ ပါးပြီး အီလက်ထရွန်ဖြာထွက်မှုကြောင့် ကင်မရာမှာ Sensor အနေနဲ့ တပ်ရင် စွမ်းဆောင်ရည် အများကြီးပေးပါတယ်။
ယနေ့အသုံးပြုနေတဲ့ Sensor များထက်လည်း ဘက်ထရီး အသုံးပြုမှု ၁၀ ဆ လောက်သက်တယ်လို့ ဆိုပါတယ်။ ကုန်ကျစရိတ်လည်း သက်သာ မယ်ဆိုတော့ အောင်အောင်မြင်မြင်တွေ့ရှိထားတဲ့ နည်းပညာ တစ်ခုပါ။
  • 2
  • Bury
  • Vote



ဒူဘိုင်း ဟိုတယ်တစ်ခုတွင် ရွှေ အိုင်ပတ်များကို မီးနူးစာအုပ်လုပ်

By zawminnaing on from blog.techspace.com.mm

ဒူဘိုင်းက ကမ္ဘာ့ဈေးအကြီးဆုံး ကမ္ဘာတစ်ခုတည်းသော ကြယ် ၇ ပွင့် အဆင့်ရှိ ဟိုတယ် Burj Al Arab ဟိုတယ်မှာပါ။ ယူအေအီးက ဆို ပါတော့။
ဟိုတယ်ကိုဝင်လိုက်တာနဲ့ လာသမျှဧည့်သည် မိသားစု တစ်ခုဆီတိုင်း ကို ရွှေအိုင်ပတ်ပေးပါတယ်။ အပြီးပေးတာ မဟုတ်ဘူးထင်တယ်။ သို့ပေမယ့် အပိုင်လိုချင်ရင်တော့ တစ်ခုကို အမေရိကန်ဒေါ်လာ ၁၅၁၀၀ ပေးရတယ်လို့ ဆိုပါတယ်။ တတိယ မျိုးဆက် iPad 3 ဖြစ်ပြီး 16GB Memory ပါရှိပါတယ်။ ရည်ရွယ် ချက်က ဟိုတယ်မှာ Virtual Guide အနေနဲ့ လုပ်ပေးဖို့ပါ။ ဘယ်လို ဆားဗစ်တွေ ရှိတယ်ဆိုတာက အစ ဖတ်လို့ရမယ်။ ကြည့်လို့ရမယ်။ ဟိုတယ်တွင်းက စားသောက်ဆိုင် ထိုင်ရင်လည်း မီးနူးစာအုပ်လို အသုံးပြုလို့ ရမယ်။ သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစ
  • 2
  • Bury
  • Vote



တရုတ်ဟက်ကာတို့ အမေရိကန် စစ်လက်နက် နည်းပညာ ၂ဒါဇင် ခိုးယူခဲ့

By zawminnaing on from blog.techspace.com.mm

ယင်းလုပ်ရပ်အတွက် အမေရိကန်ကမှ ဘယ်လို ပြန်တုန့်ပြန်မလဲဆိုတာတော့ မသိရ သေးပါဘူး။ အမေရိကန်က ကမ္ဘာကို မဖော်ပြတဲ့ အရှားပါးဆုံး နည်းပညာတွေချည်း ၁၀မျိုးထက် မနည်း ပါသွားပါတယ်။ အထူးသဖြင့် အမေရိကန်မှာပဲ ရှိတဲ့ တာဝေးပစ် ဒုံးကျည် စနစ် PAC-3 ဖိုင်အားလုံး ပါသွားပါတယ်။ နောက်ဆုံးပေါ် တိုက်လေယာဉ် နည်းပညာ၊ တိုက်ပွဲဝင် ရဟတ်ယာဉ် တည်ဆောက်မှုမှတ်တမ်းနဲ့ နည်းပညာတွေလည်း ပါသွားပါတယ်။
အမေရိကန် စစ်တပ်တောင် ကောင်းကောင်း အသုံးမပြုရသေးတဲ့ ဦးဦးဖျားဖျား နည်းပညာ တွေပါ ဖောက်ထွင်းသွားတာလို့ ဆိုပါတယ်။ ဒီအတွက် ပင်တဂွန် စစ်ဌာနချုပ်က ဒေါကန်နေပါတယ်။ တရုတ်ဘက်က Cyber Attack အမြဲ ရှိနေ ပေမယ့် ပြင်ဆင်ချိန် မရလိုက်ဘူးလို့ ဆိုပါတယ်။ ကြို
  • 2
  • Bury
  • Vote



အသက် ၁၇ နှစ်အရွယ် Google သိပ္ပံဆု ရရှိသူလေး

By zawminnaing on from blog.techspace.com.mm

ဆုရရှိသူသွားသူကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Brittany Wenger အမည်ရ ကလေးမပဲ ဖြစ်ပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ သူ ဖန်တီးလိုက် တာကတော့ အမျိုးသမီး ရင်သားကင်ဆာ ကုသဖို့အတွက် အသုံးဝင် တဲ့ ဆော့ဖ်ဝဲလေးပါ။ Leukemia လို့ခေါ်တဲ့ ရောဂါကို ဖြစ်နိုင်ချေ ရှိမယ့် ပိုးမွားနဲ့ ဆဲလ်တွေကို ထောက်လှမ်းပေးမယ့် diagnostic tool လေးပါ။
ဆရာတွေအတွက် အသုံးပြုရလွယ်ကူစေမယ့် ဆော့ဖ်ဝဲလေး ဖြစ်ပါတယ်။ Breast Cancer ဖြစ်နိုင်ချေ ရှိတာကို ယခင်ကထက် အလွယ်တကူ ပိုမို မြန်ဆန်စွာ သိရှိနိုင်ပြီး တားဆီးကာကွယ်ဖို့အတွက် အချန်မှီ ကုသနိုင် ပါတယ်။ ယင်း အတွက် လိုအပ်တဲ့ Application ကို Brittany က တီထွင် ဖန်တီးခဲ့တာပါ။
  • 2
  • Bury
  • Vote



Huawei ဟန်းဆက် အလုံး ၃၅၀၀ နှင့် လုပ်သော မြင်းပျံရုပ်တု

By marlarnyein on from blog.techspace.com.mm

သံဖရိန်ကိုယ်ထည်ကို အခြေခံလို့ Huawie စမတ်ဖုန်းများအား ကပ်ခြင်း ဖြစ် ပါတယ်။ စုစုပေါင်း အလုံးရေ ၃၅၀၀ တောင် ပါဝင်ပါတယ်။ အကယ်၍ မြင်း ရုပ်သာ အခိုးခံရရင်တော့ Huawei အတွက် ဝမ်းနည်းစရာ ပါပဲ။ သို့ပေမယ့် ဘယ်သူမှ မလုပ်ခဲ့ပါဘူး။ Huawei Ascend D quad က ဈေးသက်သာပြီး ကမ္ဘာ့အဆင့်မြင့်ဖုန်းများကို ယှဉ်ပြိုင်နိုင်တဲ့အတွက် လူကြိုက်များခဲ့ ပါတယ်။ မြန်မာပြည်မှာလည်း အလွယ်တကူ ဝယ်ယူ ရရှိ နိုင်ပါတယ်။
Huawei စမတ်ဖုန်းနဲ့ မြင်းပျံ ရုပ်တု ပြုလုပ်မှုကို အောက်ပါ လခ့်က ဗီဒီယိုမှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။
  • 2
  • Bury
  • Vote



ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ

By sandarmoe on from blog.techspace.com.mm

တရုတ်ပြည် ရှန်ဟိုင်းမှာ နေထိုင်တဲ့ ဂျာမနီ လူမျိုး ဒီဇိုင်နာတစ်ဦးက သူ့စိတ်ကူးနဲ့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ယင်းနေရာမှာ ဖူးခက်ကျွန်း ရုပ်ရှင်ပွဲတော်တွေလည်း နှစ်စဉ် ကျင်းပပေးတယ်လို့ ဆိုပါတယ်။ ရာသီဥတုကြောင့် ရေတက်လာရင်လည်း မြှုပ်မသွားနိုင်အောင်၊ ပုံမှန်အတိုင်း ကြည့်လို့ရအောင် အတိမ်အနက်ကိုလညး တွက်ချက်ထားပါတယ်။ အပေါ်မြင့် ယူလို့ ရသလို၊ အောက်လည်း ချလို့ ရပါတယ်။
ပင်လယ်ရေပြင်ပေါ်မှာ ရုပ်ရှင်ကြည့်လို့ ရအောင် ဖန်တီးပေးလိုက်နိုင်တဲ့ ဂျာမနီ ဒီဇိုင်နာရဲ့  စိတ်ကူးဟာ ကမ္ဘာကျော်သွားပြီး Kudu Noi ကို အလည် လာ သူအများစုဟာ ရေပေါ်က ရုပ်ရှင်ရုံကို လာရောက် အားပေးလျက် ရှိတယ်လို့ သိရပါတယ်။
  • 1
  • Bury
  • Vote



ရေမလို အဝတ်လျှော်စက် LG ကထုတ်မည်

By sandarmoe on from blog.techspace.com.mm

ဘယ်လိုနည်းပညာနဲ့ ထုတ်မလဲတော့မသိဘူး။ တောင်ကိုရီးယား LG ကတော့ ရေသုံးစရာ မလိုတဲ့ အဝတ်လျှော်စက် ထွင်မတဲ့လေ။
ဖြစ်နိုင်ပါ့မလားလို့တောင် စဉ်းစားကြည့်တယ်။ LG ကတော့ ထုတ်လုပ် မှာ ဖြစ်တယ်လို့ နိုင်ငံတကာ နည်းပညာ သတင်းများ က ဖော်ပြ ထားကြပါတယ်။ အပူချိန်၊ လျှပ်စစ်၊ ဖိအား စွမ်းအင် သုံးမျိုးကို အခြေခံ လို့ အဝတ်အထည်တွေကို သန့်ရှင်းအောင် လုပ်လို့ ရမယ့် ဖော်မြူလာ ကို LG ကို ဖန်တီးအောင်မြင်ထားတယ်လို့ဆို ပါတယ်။
  • 1
  • Bury
  • Vote



တရုတ်ဟန်းဆက် ဖြစ်ကြောင်း အလွယ်တကူ သိနည်း

By htainlin on from blog.techspace.com.mm

၁။ ၃ မိနစ်အားသွင်းပြီးလျှင် အားပြည့်ကြောင်းပြခြင်း။
၂။ ဖုန်းတွင် တီဗီ၊ Touch screen, Nail cutter, firelighter တို့ ပါရှိခြင်း။
၃။ touch screen ကိုသွားကြားထိုးတံဖြင့် အသုံးပြုနိုင်ခြင်း။
၎။ စာလုံးပေါင်း မှားနေခြင်း။ ဥပမာ - NokLa, blackderry, i-porn, samswag, j-phone
၅။ လေယာဉ်ပျံဖြတ်သွားလျှင် Miss call record လုပ်ခြင်း။
၆။ အားမသွင်းပဲ တစ်ပတ်ကြာ ပစ်ထားလျှင် ပါဝါဖွင့်မရတော့ခြင်း၊ အားသွင်း မရတော့ခြင်း။
  • 2
  • Bury
  • Vote



မြန်မာပြည်တွင် အွန်လိုင်းစတိုးတစ်ခု ဖန်တီး လုပ်ကိုင်ရန် ကုန်ကျစရိတ်

By htainlin on from blog.techspace.com.mm

အွန်လိုင်းစတိုး၊ မားကတ် ပြုလုပ်လိုသူများအတွက် စာရေးသူမှ အကြံပေး၊ ကူညီတွက်ချက်ပေးထားခြင်း ဖြစ် ပါတယ်။
ကုန်ကျစရိတ် (Capital) ကို အကြမ်းဖျင်းတွက်ပြရုံလေးပါ။ အွန်လိုင်း စတိုး တစ်ခု လုပ်ငန်း ဘယ်လိုလည်ပတ်မလည်း ဆိုတာ မပါသေးပါဘူး။ ဘယ်လို ဝန်ဆောင်မှုပေးမယ်၊ ဘယ်လို လုပ်ကိုင်ရမယ်၊ ဘယ်လို နည်းဗျူဟာ နဲ့ ရှေ့  ဆက်ရမယ်၊ ဘယ်လို နည်းပညာသုံး ဝဘ်ဆိုဒ် ရှိရမယ်။ လုပ်ငန်း ဆွဲရမယ် ဆိုတာ နောက်မှ ဆက်လက် ရေးသားပါ့မယ်။
  • 2
  • Bury
  • Vote



အိန္ဒိယတွင်လည်း ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းရှိ

By htainlin on from blog.techspace.com.mm

အမေရိကန်ပြည်ထောင်စု အလယ်ပိုင်း Kanasas မြို့  မှာ Google က 1000mbps (1gbps) speed ရှိတဲ့ အင်တာနက်လိုင်းကို တည်ဆောက် တပ်ဆင်ပေး ထားပါတယ်။ Google Fiber Network ဖြစ်ပြီး ကမ္ဘာ့ အမြန်ဆုံး အင်တာနက်လိုင်း ရှိရာမြို့ အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
ယခု ဒုတိယမြောက် ပေါ်ထွန်းလာတဲ့ မြို့  ကတော့ အိန္ဒိယနိုင်ငံက ဆိပ်ကမ်းမြို့  Kochi ဖြစ်ပါတယ်။ ဆက်သွယ်ရေးနဲ့ နည်းပညာ ကုမ္မဏီ တစ်ခု ဖြစ်တဲ့ Kerala မှ ဖန်တီးလိုက်ခြင်း ဖြစ်ပြီး အမေရိကန်နိုင်ငံက Google လိုင်းလိုပဲ 1Gbps အင်တာနက် ကော်နက်ရှင် ရပါတယ်။
  • 2
  • Bury
  • Vote



ငွေထုတ်စက်အသုံးပြုက သတိပြုရန်

By htainlin on from blog.techspace.com.mm

မြန်မာပြည်မှာ မဖြစ်သေးပါဘူး။ သို့ပေမယ့် အိန္ဒိယနဲ့ တရုတ်တွေမှာတော့ ပုံမှာ ပြထားတဲ့ နည်းလမ်းကို အသုံးပြုပြီး လျှို့ ဝှက် ကုဒ်နံပါတ် ရယူမှုများ ပြု လုပ်တယ်လို့ သိရပါတယ်။
တကယ့် Pin ကုဒ်ရိုက်စရာ Key pad အပေါ်မှာ နောက်ထပ် key pad အတု တစ်ခု ထပ်ခံထားပြီး ကိုယ်ရိုက်သမျှ လျှို့ ဝှက်နံပါတ်များကို မှတ်သား သွား ပါတယ်။ ဒါဆို နံပါတ်က သိသွားပါပြီ။ ATM/MPU ကဒ်မရှိပဲတော့ Pin code သိရုံနဲ့ ငွေထုတ်လို့ မရတာလည်း အမှန်ပါပဲ။ သို့ပေမယ့် အမည်တူ၊ လျှို့ ဝှက်ကုဒ်နံပါတ်အတူ ထားတတ်တဲ့သူများအတွက်ကတော့ ATM မဟုတ်တဲ့ အခြားဘဏ်အကောင့်မှငွေများ အလွယ်တကူ ခိုးလို့ရတဲ့ အနေအထား တစ်ခု ဖြစ်သွားပါတယ်။
  • 2
  • Bury
  • Vote



သေနတ်ပစ်တတ်သော လင်းပိုင်များ

By htainlin on from blog.techspace.com.mm

လင်းပိုင်တွေကို သေနတ်ပစ်တတ်အောင် သင်ပေးတာတွေ ကမ္ဘာမှာ တကယ် လုပ်ကြပါတယ်။ အထူးသဖြင့် ဆီုဗီယက်နဲ့ အမေရိကန်တို့မှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်မကက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ယခုတော့ အမေရိကန်မှာ မရှိတော့ပဲ ဆိုဗီယက်ပြိုကွဲနိုင်ငံအချို့ မှာသာ ကျန်ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် ယူကရိန်းနိုင်ငံမှာ ယနေ့တိုင် လင်းပိုင်များကို လက်နတ် တပ်ဆင်ပေးပြီး လေ့ကျင့် သင်ကြားလျက် ရှိတယ်လို့ သိရပါတယ်။ ခေါင်းနဲ့ တောင်ပံမှာ တပ်ဆင်ပြီး လင်းပိုင်တို့ ကလည်း တကယ် ပစ်ခတ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ပင်လယ်ငါးဖမ်း သင်္ဘောအချို့ ဟာ သေနတ်တပ်ဆင်ထားတဲ့ လင်းပိုင်များကို ထူးဆန်း စွာ မြင်တွေ့ရကြောင်း သိရပါတယ်။
  • 2
  • Bury
  • Vote



အကြားအမြင်ရ အိုင်းစတိုင်း နှင့် အနာဂတ်ကမ္ဘာ

By htainlin on from blog.techspace.com.mm

အဲလ်ဘတ်အိုင်းစတိုင်း ပြောခဲ့ဖူးတဲ့ စကား တစ်ခွန်းက ဒီလိုပါ။
"ကျနော်ကတော့ နည်းပညာဟာ လူသားတို့ရဲ့  အသုံးဝင်မှု ထက် ပိုကျော်လွန် သွားမှာ စိုးရိမ်တယ်။ ကမ္ဘာမှာ လူပျော့လူညံ့ မျိုးဆက်တွေ ပဲ ဖြစ်တည်လာ လိမ့်မယ်"
တကယ်မှန်ကန်လာပါတယ်။ လူသားတွေဟာ နည်းပညာကို တီထွင်တယ် ဆိုပေမယ့် ယင်းနည်းပညာအပေါ် မှီခိုတဲ့ လူသားအရေအတွက်က ပိုများ လာလေတော့ တကယ်ပဲ idiot တွေများလာပါတယ်။ တွေးခေါ်နိုင်မှုစွမ်းအား၊ ဖန်တီးနိုင်မှုစွမ်းအား၊ လုပ်ကိုင်နိုင်မှုစွမ်းအား၊ ကြိုးစားနိုင်မှု စွမ်းအား ဟာ အနာဂတ်လူငယ်တွေမှာ နည်းပါးလာနိုင်တယ်လို့ အိုင်းစတိုင်းက ကြိုတင် ခန့်မှန်းခဲ့ခြင်း ဖြစ်ပါတယ်။
  • 2
  • Bury
  • Vote



စက်ရုပ်ခန္ဓာကိုယ် အစိတ်အပိုင်းများ အစားထိုးမည့် စီမံကိန်း

By htainlin on from blog.techspace.com.mm

အနာဂတ်မှာ ကိုယ်အင်္ဂါချို့ ယွင်းသူများ မရှိစေရ ဆောင်ပုဒ်နဲ့ Sarif Industres မှ တကယ်လုပ်နေပါပြီ။
သာမန်လူထက်တောင် သန်မာမယ့် ခြေ၊လက်၊ မျက်စီ အင်္ဂါများကို မြင်ရ မယ်လို့ ဆိုပါတယ်။ ဒီအတွက် သူလည်းစိုးရိမ်လို့ သတိပေးတဲ့ ဗီဒီယိုတွေနဲ့ လည်း ပြသထားပါတယ်။
သူတို့စိုးရိမ်တဲ့အချက်က တီထွင်လိုက်တဲ့ အတုပစ္စည်းများက သာမန်လူတွေ ထက် သန်မာနေမှာဆိုတဲ့ တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေရှိမယ့် အနာဂတ်စစ်ပွဲတွေကိုတောင် ဗီဒီယိုလို လုပ်ပြီး တင်ထားပေးပါသေးတယ်။ Iron Man, Rambo Cop , Surrogate ရုပ်ရှင်တွေထဲမှာပဲ စက်ရုံတွေမြင် ရမှာမဟုတ်ပဲ လိုအပ်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ဖို့ မခက်တော့ဘူးဆို တာကို ပြသသွားပါတယ်။
  • 2
  • Bury
  • Vote



မျက်မမြင်များအတွက် မိုဘိုင်းဖုန်း

By htainlin on from blog.techspace.com.mm

မျက်မမြင်တွေ အသုံးပြုဖို့အတွက် မိုဘိုင်းဖုန်း ဆိုပြီး ဒီဇိုင်နာ Peter Lau က တီထွင်ဖန်တီးလိုက် တာ ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း သူ့လိုအပ်တဲ့ Feature နဲ့ UI တွေ အစုံအလင် ပါရှိပါတယ်။ ဖုန်းခလုပ်နှိပ်ဖို့အတွက်ကလည်း နိုင်ငံတကာ မျက်မမြင် သင်္ကေတ စနစ်ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လွယ်လွယ် ကူကူပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
  • 2
  • Bury
  • Vote



ဖုန်းလာလျှင် အသံမြည်စေမည့် တက်တူးကို Nokia တို့တီထွင်

By htainlin on from blog.techspace.com.mm

တီထွင်ရုံတင်မက မူပိုင်တောင် တင်ထားပြီဖြစ်တဲ့ နည်းပညာလို့ ဆိုပါတယ်။ Ferromagnetic ကို အသုံးပြုပြီး ထိုးမယ့် သတ္တု ဖြစ်ပြီး ဖုန်းလာတာတို့၊ Message ရောက်လာတာတို့ဆိုရင် အသံမြည်မှာ ဖြစ်ပါတယ်။
ဘယ်နေရာမှာထိုးထိုးရပါတယ်။ Wireless နည်းပညာနဲ့ ယင်းသတ္တုထိုးထား တဲ့ အကွက်ဆီကို ရောက်အောင် ပို့မှာ ဖြစ်ပါတယ်။ ကိုယ်ပေးထားတဲ့ Option အလျောက် တုန်ခါစေမယ့် နည်းလမ်းကိုလည်း အမျိုးမျိုး အသုံးပြုလို့ ရပါတယ်။ VIP call အတွက် ဘယ်လိုတုန်ခါရမယ်။ Family အတွက် ဘယ်လို တုန်ခါရမယ်လို့ ဖုန်းကနေ Option ပေးထားလို့ ရပါတယ်။
  • 2
  • Bury
  • Vote



ကနေဒါက တက္ကသိုလ်တစ်ခုတွင် လင်းနို့လူသား ဘာသာရပ် သင်ကြား

By htainlin on from blog.techspace.com.mm

ရယ်စရာလို့ထင်နေတာ။ သေချာကြည့်လိုက်မှ တကယ်ပဲ လင်းနို့လူသား ဘာသာရပ်ကို သင်ကြားနေပါတယ်။
ဘာသာရပ်အပြည့်အစုံအမည်ကတော့ The Science of Batman ဖြစ် ပါတယ်။ ကနေဒါက ကမ္ဘာကျော် တက္ကသိုလ် တစ်ခုဖြစ်တဲ့ University of Victoria မှာ ဖြစ်ပါတယ်။ The Science of Batman မှာ အဓိက သင်ကြား တာကတော့ လူသားတို့ရဲ့  adaptability လို့ ဆိုပါတယ်။ ဇီဝ (Bio) ၊ ရူပ (Physic) နဲ့ အိုင်တီ ပညာတို့ ပေါင်းစပ်သင်ကြားပေးတဲ့ ပညာရပ် ဖြစ် တယ်လို့ သိရပါတယ်။
  • 2
  • Bury
  • Vote



Login To ShweHub

No account yet? Join us now, it's free!

Please Login To Submit A New Link

You must login to submit a new story. Don't have an account yet? Join now, it's free!