မာဒေးကား ပြိုင်ပွဲကို ထိုင်းက ပရီးမီးယားလိဂ် အောလ်စတား အသင်းနှင့် ၀င်ရောက် ယှဉ်ပြိုင်မည်

By kokopaing on from www.soccermyanmar.com

လာမည့် စက်တင်ဘာ (၇)ရက်တွင် မလေးရှားနိုင်ငံ၌ စတင်ကျင်းပမည့် မာဒေးကား ဖလား ပြိုင်ပွဲကို ထိုင်း ယူ-၂၃ အသင်း စေလွှတ်ယှဉ်ပြိုင်မည် မဟုတ်ဘဲ ထိုင်းပရီးမီးယားလိဂ် အောလ်စတား အသင်းနှင့်သာ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ထိုင်း၊ မြန်မာ၊ စင်ကာပူနှင့် အိမ်ရှင် မလေးရှားတို့သာ ပါဝင်ယှဉ်ပြိုင်မည့် မာဒေးကား ဖလား ပြိုင်ပွဲကို ဆီးဂိမ်းစ်အကြို ပြင်ဆင်မှု တစ်ရပ်အဖြစ် ယူ-၂၃ အသင်းများနှင့်သာ ၀င်ရောက် ယှဉ်ပြိုင်ကြရန် မြန်မာ၊ မလေးရှားနှင့် စင်ကာပူတို့က ဆုံးဖြတ်ခဲ့ကြ သော်လည်း ထိုင်းအက်ဖ်အေက ယူ-၂၃ အသင်းကို စေလွှတ်ခြင်း မပြုပဲ ထိုင်းပရီးမီးယားလိဂ် အောလ်စတား အသင်းနှင့်သာ ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်လာခြင်း ဖြစ်သည်
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ဖိလစ်ပိုင် အမျိုးသမီးအသင်း ပါဝင်မည် ဖြစ်သော်လည်း အမျိုးသားအသင်း မသေချာသေး

By kokopaing on from www.soccermyanmar.com

ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းစ် ပြိုင်ပွဲ၏ ဘောလုံးပွဲစဉ်များတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိလစ်ပိုင် အမျိုးသမီး အသင်းအနေဖြင့် သေချာနေပြီ ဖြစ်သော်လည်း အမျိုးသား အသင်းမှာမူ ပါဝင်ယှဉ်ပြိုင်ရန် မသေမချာ ဖြစ်နေဆဲ ဖြစ်ကြောင်း သိရသည်။ဖိလစ်ပိုင် အိုလံပစ် ကော်မတီ အနေဖြင့် မြန်မာပြည် ဆီးဂိမ်းစ် ပြိုင်ပွဲတွင် အားကစားနည်းများ ထည့်သွင်းမှုနှင့် ပတ်သက်၍ ဝေဖန်ခဲ့ဖူးပြီး နောက်ပိုင်းတွင် ဖိလစ်ပိုင် အားကစား သမားများကို ဆီးဂိမ်းစ် ပြိုင်ပွဲသို့ စေလွှတ်မည် မဟုတ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ ယခုအခါ အမျိုးသမီး ဘောလုံး အသင်းကို ဆီးဂိမ်းစ် ပြိုင်ပွဲသို့ သေချာပေါက် စေလွှတ်မည် ဖြစ်ေ
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

လူသစ် ခေါ်ယူရန် မဖြစ်မနေ မလိုအပ်ဟု မိုယက်စ် ပြောကြား

By kokopaing on from www.soccermyanmar.com

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ် မိုယက်စ်က အသင်း အနေဖြင့် မဖြစ်မနေ လူသစ် ခေါ်ယူရန် မလိုအပ်ဟု မှတ်ချက်ပြု ပြောကြားလိုက်သည်။
ယူနိုက်တက်သည် ခါးသီးပြိုင်ဘက် လီဗာပူးလ်ကို အန်းဖီးလ်တွင် အရေး နိမ့်ခဲ့သလို အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးနေ့ ရောက်လာသည် အထိ မည်သည့် အဓိက ကစားသမားသစ်ကိုမျှ ခေါ်ယူနိုင်ခြင်း မရှိသေးဘဲ ရုန်းကန် နေရသည်။ သို့သော်လည်း မိုယက်စ်ကမူ မိမိ အနေဖြင့် အသင်းအတွက် လူသစ် ဝယ်ယူရန် အလွန်အမင်း လိုအပ်နေသည်ဟု မယူဆကြောင်း ဆိုသည်။ ထို့အပြင် ယူနိုက်တက်၏ လက်ရှိ လူအင်အားကို ကျေနပ်ကြောင်းလည်း ပြောဆိုသွားခဲ့သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ဒီမစ်ချယ်လစ်ကို မန်စီးတီး အပြီးသတ် ခေါ်ယူ

By kokopaing on from www.soccermyanmar.com

မန်ချက်စတာ စီးတီး အသင်းသည် အက်သလက်တီကို မက်ဒရစ် နောက်ခံလူ မာတင် ဒီမစ်ချယ်လစ်ကို ခေါ်ယူရန် အပြီးသတ် သဘော တူညီမှု ရရှိသွားပြီ ဖြစ်သည်။အသက် (၃၂)နှစ် အရွယ်ရှိ အာဂျင်တီးနား လက်ရွေးစင်သည် တနင်္ဂနွေနေ့က မန်စီးတီးနှင့် ဆေးစစ်မှု အောင်မြင် ပြီးမြောက်ပြီးနောက် (၂)နှစ် သက်တမ်းရှိ စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ခံစစ်တွင် ကစားသမား အချို့ ဒဏ်ရာရနေသည့် အခြေအနေကို ဖြေရှင်းရန် ကြိုးပမ်းနေသည့် မန်စီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီ အနေဖြင့် ဝါရင့် ခံစစ်သမား ဒီမစ်ချယ်လစ်ကို ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။ ဒီမစ်ချယ်လစ်သည် ရေးဗားပလိတ်နှင့် မာလာဂါ အသင်းများတွင် ပယ်လီဂရီနီနှင့် လက်တွဲခဲ့ဖူးသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

စတားရစ်ခ်ျ၏ သွင်းဂိုးဖြင့် ယူနိုက်တက်ကိုအနိုင်ရပြီး အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်နိုင်ခဲ့သည့် လီဗာပူးလ်

By kokopaing on from www.soccermyanmar.com

Super Sunday အစောဆုံး ပွဲစဉ်ဖြစ်သည့် လီဗာပူးလ်နှင့် မန်ချက်စတာယူနိုက်တက် ပွဲစဉ်တွင် လီဗာပူးလ်က စတားရစ်ခ်ျ၏ အစောပိုင်း ခေါင်းတိုက်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။အိမ်ရှင် လီဗာပူးလ်အသင်းသည် မစ်ဂ်နိုလတ်၊ ဂျွန်ဆင်၊ အင်းနရစ်၊ အဂ္ဂါ၊ စကာတယ်လ်၊ လူးကပ်စ်၊ ဟန်ဒါဆန်၊ ဂျရတ်၊ ကော်တင်ဟို၊ အက်စ်ပတ်စ်၊ စတားရစ်ခ်ျတို့နှင့် ပွဲထွက်ခဲ့သည်။ မန်ချက်စတာယူနိုက်တက်တွင် ဒီဂီယာ၊ ဂျုံးစ်၊ ဗီဒစ်၊ ဖာဒီနန်၊ အီဗရာ၊ ကလီဗာလေ၊ ကာရစ်၊ ယန်း၊ ဝဲလ်ဘက်ခ်၊ ဂစ်၊ ဗန်ပါစီတို့ ပါဝင်ကစားခဲ့သည်။ လီဗာပူးလ်၏ ခံစစ်ပိုင်းတွင် ဒဏ်ရာရရှိထားသည့် ကိုလိုတိုရေး အစား မာတင် စကာတယ်လ်က ဒန်နီရယ် အဂ္ဂါနှင့် တွဲဖက်ကစားခဲ့သည်။ အားထားရသည့် တိုက်စစ်မှူး ဆွာရက်ဇ်မ
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ဖယ်လိုင်နီကို ယူနိုက်တက် ခေါ်ယူ ~ ကွန်ထရာအိုကို အငှားခေါ်ယူရေးကိစ္စ မအောင်မြင်

By kokopaing on from www.soccermyanmar.com

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဈေးကွက်ပိတ်ရက် နောက်ဆုံးအချိန်ပိုင်းတွင် မော်ရိုဖယ်လိုင်နီကို အရခေါ်ယူနိုင်ခဲ့သော်လည်း ဖေဘီယို ကွန်ထရာအို အပြောင်းအရွှေ့ ပျက်ပြယ်သွားကြောင်း သိရှိရသည်။ကွင်းလယ်လူ တစ်ဦး လိုအပ်နေသော ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် ဆက်စ်ဖာဘရီဂက်စ်၊ အန်ဒါ ဟာရဲရာ အစရှိသည့် ကစားသမားများကို ချိတ်ဆက်မှု မအောင်မြင်ခဲ့သော်လည်း ၎င်း၏ အသင်းဟောင်း အဲဗာတန်မှ ဘယ်လ်ဂျီယံသား ဖယ်လိုင်နီကို ပေါင်စတာလင် (၂၇.၅)သန်းဖြင့် ဝယ်ယူဖြစ်ခဲ့ကြောင်း သိရသည်။ ဖယ်လိုင်နီသည် ဈေးကွက်ပိတ်ခါနီး နောက်ဆုံးနာရီပိုင်းများတွင် ယူနိုက်တက်နှင့် စာချုပ်ဖြစ်ခဲ့ပြီး ယင်းအပြောင်းအရွှေ့ကို အင်္ဂလန် ချန်ပီယံ အသင်း၏ ဝက်ဘ်ဆိုက်တွင
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ယူနိုက်တက်နှင့် အနာဂတ် အတွက် ဆွေးနွေးရန် ကာဂါဝါ လိုလားနေ

By kokopaing on from www.soccermyanmar.com

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကွင်းလယ် ကစားသမား ရှင်ဂျီ ကာဂါဝါ အနေဖြင့် အနာဂတ် အတွက် တိတိကျကျ အဖြေရှာရန် လိုလားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင် ပွဲထွက် နေရာအတွက် ရုန်းကန် နေရသည့် ဂျပန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမားသည် အိုးလ်ထရက်ဖို့ဒ်တွင် ၎င်း၏ ရှေ့ဆက်ခွင့် အနေအထားနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ သိရှိရန် ကြိုးစားနေကြောင်း သိရသည်။ ကာဂါဝါသည် ဂျာမန်ကလပ် ဘိုရပ်ရှား ဒေါ့တ်မန် အသင်းနှင့်အတူ ဥရောပ၏ အကောင်းဆုံး Playmaker တစ်ဦးအဖြစ် တောက်ပ ခဲ့သော်လည်း ယူနိုက်တက်သို့ ပြောင်းရွှေ့ပြီး တစ်နှစ်အတွင်း ဒဏ်ရာ ပြဿနာများ၊ အထိုင် မကျမှုများနှင့် ရုန်းကန်နေရသည်။ ၎င်းသည် လီဗာ
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ကလပ်စံချိန်တင် ဈေးနှုန်းဖြင့် အိုဇေးလ်ကို အာဆင်နယ် ခေါ်ယူ

By kokopaing on from www.soccermyanmar.com

အာဆင်နယ် အသင်းသည် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ရီးယဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား မီဆွတ်အိုဇေးလ်ကို ခေါ်ယူလိုက်ပြီ ဖြစ်သည်။အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ဘောလုံးစွမ်းရည် ပြည့်ဝသည့် ဂျာမန်လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမားအတွက် စတာလင်ပေါင် (၄၂.၅)သန်းထိ ဈေးပေးခဲ့ကြောင်း သိရသည်။ အိုဇေးလ်သည် ရီးယဲလ်သို့ ဂါရတ်သ်ဘေးလ် ရောက်ရှိလာသည့်နောက် ဘာနေဗျူးမှ ထွက်ခွာရန် လျင်လျင်မြန်မြန် ဆုံးဖြတ်ခဲ့ပြီး အာဆင်နယ်က ၎င်းကို ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၄)နှစ်ရှိ အိုဇေးလ်သည် အမ်းမရိတ်စ်တွင် ကျောနံပါတ် (၁၁) ဂျာစီကို ဝတ်ဆင်သွားမည် ဖြစ်သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ဝီလျံကို ချယ်လ်ဆီးခေါ်ယူ ~ အီတူးကိုလည်း မကြာမီ စာချုပ်နိုင်ဖွယ်ရှိနေ

By mohmohkhin on from www.soccermyanmar.com

ဝီလျံကို အပြီးသတ် ခေါ်ယူပြီးနောက် ဆမ်မြူရယ်လ် အီတူးကိုပါ ဆက်လက် ခေါ်ယူရန် ချယ်လ်ဆီးက လုပ်ဆောင်နေပြီ ဖြစ်သည်။တော့တင်ဟမ် ဟော့စပါး အသင်းနှင့် အနီးစပ်ဆုံး ဖြစ်ခဲ့သော်လည်း ဘရာဇီးလ် တောင်ပံတိုက်စစ်သမား ဝီလျံသည် ယခုအခါ ချယ်လ်ဆီးသို့ ပေါင်စတာလင် သန်း(၃၀)ဖြင့် အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီး ဖြစ်သည်။ ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် ဝီလျံအပြင် ၎င်း၏ အန်းဇီး အသင်းဖော် တိုက်စစ်မှူး အီတူးကိုပါ ဆက်လက် ချိတ်ဆက်လျှက် ရှိသည်။ ယခုအခါ ကင်မရွန်း လက်ရွေးစင်သည် လန်ဒန်သို့ ရထားဖြင့် ရောက်ရှိလာကာ မကြာမီ ချယ်လ်ဆီးနှင့် စာချုပ်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 5
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

လီဗာပူးလ်နှင့် ပွဲသည် အကြိတ်အနယ်ရှိသည့် ပွဲဖြစ်လာနိုင်ကြောင်း ဗီဒစ်နှင့် ဝဲဘက်ခ် ပြောကြား

By mohmohkhin on from www.soccermyanmar.com

တနင်္ဂနွေနေ့တွင် အန်ဖီးလ်၌ ယှဉ်ပြိုင်ကစားရမည့် ပွဲသည် အကြိတ်အနယ်ရှိသည့် ပွဲတစ်ပွဲ ဖြစ်လာနိုင်ကြောင်းနှင့် အဆိုပါပွဲအတွက် မန်ချက်စတာယူနိုက်တက်မှ ကစားသမားအားလုံး အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း နီမန်ဂျာ ဗီဒစ်နှင့် ဒန်နီ ဝဲဘက်ခ်တို့က ပြောကြားခဲ့သည်။ယူနိုက်တက်သည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်၏ လက်အောက်တွင် ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ပွဲ ကစားထားပြီး လေးမှတ် ရရှိထားသည်။ ယူနိုက်တက်သည် တတိယမြောက် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ခါးသီးလှသည့် ပြိုင်ဘက် လီဗာပူးလ်နှင့် အန်ဖီးလ်ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဝဲဘက်ခ်က “Nike ကလုပ်တဲ့ ပွဲတစ်ပွဲမှာ စတားရစ်ခ်ျနဲ့ တွေ့ခဲ့ပြီး ကျွန်တော်တို့ သွင်းယူခဲ့တဲ့ ဂိုးတွေအကြောင်းေ
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 5
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

လာမီလာကို ခေါ်ယူရန် စပါးသဘောတူညီမှု ရရှိ ~ ချီရီချက်စ်နှင့် အဲရစ်ခ်ဆန်တို့ကိုလည်း ချိတ်ဆက်နေဆဲ

By kyawswaraung on from www.soccermyanmar.com

ဂါရတ်သ်ဘေးလ်ကို လက်လွတ်ခံရန် နီးစပ်လာသလို တော့တင်ဟမ် ဟော့စပါး အသင်းသည် ကစားသမားသစ် (၃)ဦးကို ပြန်လည် ဝယ်ယူရန် ဆက်လက် ညှိနှိုင်းလုပ်ဆောင်နေဆဲ ဖြစ်သည်။ယခုအခါ ရိုးမား အသင်း၏ တိုက်စစ်မှူး အဲရစ်ခ် လာမီလာကို ပေါင်စတာလင် သန်း(၃၀)ဖြင့် ခေါ်ယူရန် စပါးက ညှိနှိုင်းအဆင်ပြေသွားပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ရိုးမားသည် အသက်(၂၁)နှစ်သာ ရှိသေးသည့် ကစားသမားကို ပေါင်စတာလင် (၂၆)သန်း ကနဦးပေးချေ ခေါ်ယူပြီး စွမ်းဆောင်ရည်အလိုက် အပိုဆောင်း ပေါင်စတာလင် (၄)သန်း ပေးချေကာ ခေါ်ယူသွားမည်ဟု သိရသည်။ လာမီလာ၏ ပြောင်းရွှေ့ကြေးသည် စပါးအတွက် ကလပ်စံချိန်သစ် ဖြစ်လာပြီး ယခုနွေရာသီတွင် ဝယ်ယူထားသည့် ပေါင်စတာလင် (၂၆)သန်းတန် ရောဘတ်တို ဆိုလ်ဒ
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

လာမည့် (၄၈)နာရီအတွင်း အီတူးကို အပြီးသတ် ခေါ်ယူနိုင်ရန် ချယ်လ်ဆီး ယုံကြည်နေ

By kyawswaraung on from www.soccermyanmar.com

ချယ်လ်ဆီး အသင်းသည် အန်ဇီးတိုက်စစ်မှူး ဆမ်မြူရယ်လ် အီတူးကို လာမည့် (၄၈)နာရီအတွင်း ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။
မန်ချက်စတာ ယူနိုက်တက်၏ ဝိန်းရွန်နီအတွက် မျှော်လင့်ခွင့် နည်းပါးသွားသည့်နောက် ချယ်လ်ဆီးမန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် ၎င်း၏ အရန်ပစ်မှတ်ဖြစ်သော ကင်မရွန်း လက်ရွေးစင်ကို ချိတ်ဆက်ရန် အသင့်ရှိနေကြောင်း သတင်းများက ဆိုသည်။ အန်းဇီး၏ ဘရာဇီးလ် လက်ရွေးစင် တောင်ပံလူ ဝီလျံကို ခေါ်ယူရန် သဘောတူညီမှု ရရှိထားသော ချယ်လ်ဆီးသည် အသက်(၃၂)နှစ်ရှိ အီတူးကို အလွတ်ဖြစ်စေ၊ အလွန်နည်းပါးသော ပြောင်းရွှေ့ကြေးမျိုးဖြင့်ဖြစ်စေ ပူးတွဲ ခေါ်ယူခွင့် ရလာမည်ဟု သတင်းများက ဖော်ပြခဲ့သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

နော့စ်ကောင်တီ နိုင်ပွဲတွင် ကစားသမား(၃)ဦး ဒဏ်ရာရသွားသည့် လီဗာပူးလ်

By kyawswaraung on from www.soccermyanmar.com

နော့စ်ကောင်တီကို Capital One ပြိုင်ပွဲတွင် အနိုင်ရခဲ့သော်လည်း လီဗာပူးလ် အနေဖြင့် ကြီးကြီးမားမား ပေးဆပ်မှုမျိုး ကြုံလာရကြောင်း သတင်းများက ဖော်ပြခဲ့သည်။အဆိုပါ ပွဲစဉ်တွင် ကိုလိုတိုရေး၊ အလီဆစ်ဆိုခိုနှင့် ဂျိုးအလန်တို့ (၃)ဦး ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် အန်းဖီးလ်တွင် (၄-၂)ဖြင့် အနိုင်ရသည့် ရလဒ်သည် အပြည့်အဝ မလှပနိုင်ဘဲ ဖြစ်ခဲ့ရသည်။ လက်ရှိ လီဗာပူးလ် အသင်း၏ ကြံ့ခိုင်မှု အပြည့်ဝဆုံး ဗဟိုနောက်ခံလူဖြစ်သော တိုရေး၏ အခြေအနေသည် အဆိုးဆုံးဟု ယူဆရပြီး ပေါင်ခြံ ထိခိုက်မှု တစ်ခုကြောင့် ၎င်းကို ထမ်းစင်ဖြင့် သယ်ထုတ်သွားရသည်။ဘယ်နောက်ခံလူ ဆစ်ဆိုခိုမှာမူ ခြေကျင်းဝတ် ဒဏ်ရာရသွားပြီး ကွင်းလယ် ကစားသမား အလန်သည်လည်း တံကောက်ကြေ
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ယူနိုက်တက်မှ ထွက်ခွာရေး ဆက်လက်ကြိုးစားဖွယ် မရှိတော့သည့် ရွန်နီ

By kyawswaraung on from www.soccermyanmar.com

မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာရန် ဝိန်းရွန်နီ အနေဖြင့် ဆက်လက် ကြိုးစားတော့မည် မဟုတ်ကြောင်း သိရှိရသည်။"ရွန်နီက ညည်းညည်းညူညူတွေ လုပ်မနေတော့ပါဘူး။ ခုဆို လေ့ကျင့်ရေးကွင်း ရောက်လာတိုင်း သူ့မျက်နှာမှာ အပြုံးတွေ မြင်နေရပြီ"ဟု ယူနိုက်တက်၏ စီနီယာ ကစားသမား တစ်ဦးက သူငယ်ချင်းများကို ထုတ်ဖော် ပြောဆိုခဲ့ကြောင်း သတင်းများနှင့်အတူ ယူနိုက်တက်သည် ရွန်နီကို စာချုပ်သစ် ချုပ်ဆိုဖွယ် ရှိလာကြောင်း Daily Telegraphက သုံးသပ် ရေးသားခဲ့သည်။ ရွန်နီ အနေဖြင့်လည်း ယခုနွေရာသီတွင် အသင်း၌ မတည်မငြိမ် ဖြစ်ခဲ့သော်လည်း အသင်းက ၎င်းအတွက် နေရာပေး ကမ်းလှမ်းမှုရှိလျှင် စာချုပ်သစ်ကို လက်ခံသွားဖွယ် ရှိနေကြောင်း ယင်းသတင်းစာက မှတ်ချက်ြ
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

စတားရစ်ခ်ျသည် အင်္ဂလန်၏ နံပါတ်တစ် တိုက်စစ်မှူး ဖြစ်လာမည်ဟု ရော်ဂျာ ပြောကြား

By htainlin on from www.soccermyanmar.com

အသင်း၏ တိုက်စစ်မှူး ဒန်နီယယ် စတားရစ်ခ်ျသည် အင်္ဂလန်၏ နံပါတ်တစ် တိုက်စစ်မှူး ဖြစ်လာမည်ဟု လီဗာပူး မန်နေဂျာ ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။စတားရစ်ခ်ျသည် လီဗာပူး၏ ရာသီအစ ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ပွဲစလုံးတွင် အသင်းအတွက် အနိုင်ဂိုးများ သွင်းယူပေးခဲ့သည်။ သို့ရာတွင် အင်္ဂလန်အသင်းအတွက် ခြောက်ပွဲ ကစားထားသည့် တိုက်စစ်မှူးသည် ပြိုင်ဘက်အသင်းများကို အကြီးအကျယ် ခြိမ်းခြောက်နိုင်မည့် တိုက်စစ်မှူးတစ်ဦး ဖြစ်လာမည်ဟု ရော်ဂျာက ယူဆလျက်ရှိသည်။ ၎င်းက “ဒန်နီယယ် စတားရစ်ခ်ျအနေနဲ့ သူ့ရဲ့ ကြံ့ခိုင်မှုကို ဆက်လက်ထိန်းထားနိုင်မယ်ဆိုရင် ပြိုင်ဘက် အသင်းတိုင်းကို အကြီးအကျယ် ခြိမ်းခြောက်နိုင်မယ့်သူ ဖြစ်လာမှာပါ။ သူ့ရဲ့ ကစားပုံဟာ ဘရ
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ဘဏ္ဍာရေးပြဿနာ မရှိသောကြောင့် ဖယ်လိုင်နီနှင့် ဘိန်းစ်တို့ကို ရောင်းချမည်မဟုတ်ဟု မာတီနက်ဇ် ပြောကြား

By htainlin on from www.soccermyanmar.com

အသင်းတွင် ဘဏ္ဍာရေး ပြဿနာ မရှိသောကြောင့် လေတန်ဘိန်းစ်နှင့် မော်ရိုဖယ်လိုင်နီ တို့ကို ရောင်းချရန် မလိုအပ်ကြောင်း အဲဗာတန် မန်နေဂျာ ရော်ဘတ်တို မာတီနက်ဇ်က ပြောကြားလိုက်သည်။ပြီးခဲ့သည့် ရက်သတ္တပတ်က ဘိန်းစ်နှင့် ဖယ်လိုင်နီတို့ နှစ်ဦးအတွက် မန်ချက်စတာယူနိုက်တက်က ပေါင် ၂၈ သန်းနှင့် ကမ်းလှမ်းမှုကို အဲဗာတန်အသင်းက ပယ်ချခဲ့ပြီးနောက် အိုးထရတ်ဖို့ဒ်မှ ထပ်မံကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်း မရှိသေးပေ။ အဲဗာတန်အသင်းသည် ပြီးခဲ့သည့်နှစ်များက ဝိန်းရွန်နီ၊ ဂျက်ခ်ရော့ဒ်ဝဲလ်၊ ဂျိုလီယွန် လက်စ်ကော့ စသည့် အရည်အချင်းရှိသော ကစားသမားများကို အသင်းတွင် ထိန်းသိမ်းထားနိုင်ခြင်း မရှိဘဲ လက်လွှတ်ခဲ့ရသည်။ သို့သော်လည်း အဲဗာတန်အသင်းသည် လက်ရှိအ
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

တောရက်စ်၏ ချယ်လ်ဆီးကစားသမားဘဝ ဆုံးခန်းတိုင်သွားပြီဟု ကာရေဂါသုံးသပ်

By htainlin on from www.soccermyanmar.com

ဖာနန်ဒိုတောရက်စ်၏ ချယ်လ်ဆီး ကစားသမားဘဝ တောက်ပမှုများ ဆုံးခန်းတိုင်သွားပြီဟု Sky Sports ဘောလုံးအစီအစဉ်မှူး ဂျင်မီကာရေဂါက မှတ်ချက်ပြု ပြောကြားလိုက်သည်။လီဗာပူးလ်တွင် ဆယ်စုနှစ် နှစ်ခုဝန်းကျင် ဖြတ်သန်းကစားခဲ့သလို တောရက်စ်နှင့်လည်း တွဲကစားဖူးသည့် ကာရေဂါသည် ပြီးခဲ့သည့် ဘောလုံးရာသီက ကစားသမား ဘဝမှ အနားယူခဲ့သည်။ ယခုအခါ Sky Sportsအတွက် အလုပ်လုပ်နေသည့် အင်္ဂလန် ခံစစ်မှူးဟောင်းက မန်ချက်စတာ ယူနိုက်တက်ကဲ့သို့ ပြိုင်ဘက်မျိုးနှင့် ကစားရသည့် ပွဲစဉ်တွင် ဦးစားပေး (၁၁)ယောက် စာရင်းမှ ချန်လှပ်ခံရမှုသည် တောရက်စ်အပေါ် မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ယုံကြည်မှု မထားနိုင်ခြင်းဟု ယူဆကြောင်း သုံးသပ်ခဲ့သည်။ တောရက်စ်သည် လီဗာပူးလ်တွ
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

နှစ်ကျော့လုံး အနိုင်ရလဒ်ဖြင့် ချန်ပီယံလိဂ် ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် အာဆင်နယ်

By htainlin on from www.soccermyanmar.com

ယမန်နေ့ညက ကစားသော ချန်ပီယံလိဂ် ခြေစစ်ပွဲ နောက်ဆုံးအဆင့် ဒုတိယ အကျော့ပွဲစဉ်တွင် အာဆင်နယ်အသင်း အနိုင်ရရှိပြီးနောက် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် သေချာစေခဲ့ပြီ ဖြစ်သည်။
အာဆင်နယ်တွင် အိုလီဗီရာဂီရော့ဒ်က တိုက်စစ်ကို ဦးဆောင်ကာ လူးကက်စ်ပိုဒေါ့စကီး၊ သီအိုဝဲလ်ကော့တ်နှင့် ဆန်တီကာဇိုလာတို့က ဝန်းရံ ပံ့ပိုးခဲ့သည်။ ကွင်းလယ်ဗဟိုကို ဂျက်ဝီလ်ရှိုင်းယားနှင့် အေရွန်ရမ်ဆေးတို့ တွဲဖက် တာဝန်ယူခဲ့ပြီး ခံစစ်တွင် ကားလ်ဂျန်ကင်ဆန်၊ ဘာကလေဆက်ဂ်ညာ၊ ပါးမာတီဆက်ကာနှင့် နာချိုမွန်ရီရဲလ်တို့ ပွဲထွက်ပါဝင်လာသည်။ တူရကီကလပ် ဖီနာဘာချီဘက်တွင်မူ မူဆာဆော၊ အီမန်နျူရယ်လ် အီမန်ကီ၊ ဒါ့ခ်ကောက်၊ ခရစ္စတီယန်၊ ဆယ်လ်ကက်ခ်ဆာဟင်၊
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

မာတာကို သဘောကျသော်လည်း ချယ်လ်ဆီးက မိမိတို့ထံ ရောင်းချမည် မထင်ကြောင်း ဝင်းဂါးဝန်ခံ

By htainlin on from www.soccermyanmar.com

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ချယ်လ်ဆီး ကွင်းလယ်လူ ဟွမ်မာတာကို နှစ်သက် သဘောကျမိသော်လည်း ချယ်လ်ဆီးက မြို့ခံပြိုင်ဘက်ထံသို့ ကစားသမားတစ်ဦး ရောင်းချပေးရန် မသေချာကြောင်း ဝန်ခံ ပြောကြားလိုက်သည်။ပြင်သစ်သား မန်နေဂျာကြီးက ချယ်လ်ဆီးတွင် အနာဂတ် မရေမရာ ဖြစ်နေသည့် စပိန်လက်ရွေးစင်ကို အလိုရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ မာတာသည် ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟို လက်အောက်တွင် ပွဲထွက်နေရာအတွက် ရုန်းကန်နေရပြီး ချယ်လ်ဆီးသို့ ထပ်မံရောက်ရှိလာမည့် ကွင်းလယ်တိုက်စစ်သမား ဝီလျံကြောင့် အရန်ခုံတွင် ထိုင်နေရရန် ပိုမို နီးစပ်လာဖွယ် ရှိနေသည်။ အိုးလ်ထရက်ဖို့ဒ်တွင် မန်ချက်စတာ ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရာ၌ မာတာမှာ အရန်ခ
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

ဘာစီလိုနာနှင့် ချယ်ဆီး ကစားသမားဟောင်း ဒေကို ကစားသမားဘဝမှ အနားယူ

By yeaungnaing on from www.soccermyanmar.com

ဘာစီလိုနာနှင့် ချယ်ဆီး ကစားသမားဟောင်းဖြစ်သူ ဒေကိုသည် ဘောလုံးကစားသမား ဘဝမှ အနားယူပြီ ဖြစ်ကြောင်း ၎င်း၏ ၃၆ နှစ်မြောက် မွေးနေ့တွင် ကြေညာပြောကြားခဲ့သည်။ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟောင်းဖြစ်သူ ဒေကိုသည် ၎င်း၏ ဘောလုံးကစားသမား ဘဝကို ဘရာဇီး ကလပ် ဆယ်လ်ဂူရီယိုတွင် စတင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ပေါ်တိုအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ပေါ်တိုအသင်းနှင့် ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပြီးနောက် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ဘာစီလိုနာတွင် လေးနှစ်ကြာ ကစားခဲ့ပြီးနောက် ချယ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီး စတမ်ဖို့ဒ်ဘရစ်ခ်ျတွင် နှစ်ရာသီအကြာ ကစားခဲ့သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 5
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!

Please Login To Submit A New Link

You must login to submit a new story. Don't have an account yet? Join now, it's free!