ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ယာဉ်များ ပိုမိုများပြားလာ
By miemiekhine on ပြည်တွင်း from www.myawady.com.mm
ထိုသို့ ဖမ်းဆီး အရေးယူသည့် ယာဉ်များထဲတွင် ခရီးသည်တင် ဘတ်စကားများ ရပ်နားရန် အတွက် သတ်မှတ်ထားသည့် မှတ်တိုင်များတွင် ရပ်နားခြင်း မရှိဘဲ ဖြူနီကျား မျဉ်းများနှင့် မီးပွိုင့်များတွင် ရပ်တန့်ကာ ခရီးသည် အတင်အချ ပြုလုပ်ခြင်းများကို ဒဏ်ငွေ ငွေကျပ် နှစ်သောင်းအထိ ချမှတ်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စည်းကမ်းမဲ့ ယာဉ်များကို ဖမ်းဆီးရာတွင် အသုံးပြုမည့် ဆွဲကရိန်းများကို ဝယ်ယူရန် စီစဉ်လုပ် ဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီမံခန့်ခွဲမှု ဒဏ်ငွေအဖြစ် အရေးယူ ဆောင်ရွက်ရာတွင် ခြောက်လမ်းသွား လမ်းမကြီးများတွင် စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်များကို ဒဏ်ကြေးငွေ အဖြစ် ငွေကျပ် တစ်သောင်း၊ မီးနီဖြတ် မောင်းပါက ဒဏ်ကြေးငွေ ငွေကျပ် ငါးသောင်းနှင့် လမ်းကြောင်းပြောင်းပြန် ကျော်တက်ပါက ဒဏ်ကြေးငွေအဖြစ် ငွေကျပ် သုံးသောင်း စသည်ဖြင့် ဒဏ်ကြေးများ သတ်မှတ်ထားကြောင်း သိရသည်။