ကျေးလက်ဒေသ မီးလင်းရေး ဇီဝဓာတ်ငွေ့ဖြင့် လျှပ်စစ် ထုတ်လုပ်ရန် ဆောင်ရွက်
By miemiekhine on ပြည်တွင်း from www.myawady.com.mm
ဟားခါးမြို့နယ် အတွင်းရှိ နွားမွေးမြူ ရေးခြံများမှ နွားချေးစွန့်ပစ် ပစ္စည်းများ အသုံးပြု၍ ဇီဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူအသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။
ထို့နောက် ဟားခါးမြို့ အ.ထ.က (၁) ဗိုလ်တိုက်ချွန်း ခန်းမ၌ ချင်းပြည်နယ် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် အခြေခံ ပညာအဆင့် ပညာရည် မြင့်မားရေးနှင့် ၂ဝ၁၄ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေး ပွဲအောင်ချက် မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပြည်နယ်လူမှုရေး ဝန်ကြီးနှင့် တာဝန် ရှိသူများက ပညာရည် မြင့် မားရေးနှင့် အောင်ချက် မြင့်မားရေး လုပ်ငန်းများကို ရှင်းလင်း တင်ပြ ခဲ့ကြကြောင်း သတင်း ရရှိသည်။