ရွန်နီကို ပေါင်သန်း(၃၀)ထိ ဈေးတိုးမြှင့် ကမ်းလှမ်းရန် ချယ်လ်ဆီး အသင့် ရှိနေ
By maungmaung on အားကစား from www.soccermyanmar.com
မန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် အင်္ဂလန် လက်ရွေးစင် ရွန်နီကို နှစ်သက်သူ တစ်ဦးဖြစ်ပြီး ယခုနွေရာသီတွင် အဓိက ပစ်မှတ်ထား ခေါ်ယူလိုသည့် ကစားသမားဟု ဝန်ခံထားဖူးသည်။ ချယ်လ်ဆီးသည် ဈေးကွက်ထဲတွင် ထိပ်တန်း တိုက်စစ်သမား တစ်ဦးကို ရှာဖွေလျှက်ရှိပြီး ရာဒါမယ် ဖယ်လ်ကာအိုနှင့် အီဒင်ဆန် ကာဗာနီတို့ကို ခေါ်ယူရေး အားထုတ်မှုများမှာမူ လွဲချော်ခဲ့သည်။ ချယ်လ်ဆီး အနေဖြင့် ယူနိုက်တက်ထံ ရွန်နီ အတွက် ကနဦး ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖူးသော်လည်း အင်္ဂလန်ချန်ပီယံ အသင်းက ပယ်ချခဲ့သည်။
သတင်းများက ပေါင်စတာလင် (၂၃)သန်း ဝန်းကျင် တန်ကြေးရှိသော ကမ်းလှမ်းမှုကို ချယ်လ်ဆီးက ပြုလုပ်ခဲ့ပြီး မအောင်မြင်ကြောင်း ရေးသားခဲ့သလို ယခုအခါ ပေါင်စတာလင် သန်း(၃၀)ထိ ဈေးတိုးပေးရန် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့ကြသည်။