ဆွာရက်ဇ်ကို အာဆင်နယ် ခေါ်ယူပါက ကြိုဆိုမည်ဟု ပိုဒေါ့စကီးဆို
By maungmaung on အားကစား from www.soccermyanmar.com
အကယ်၍ လီဗာပူးလ် တိုက်စစ်မှူး ဆွာရက်ဇ်သာ အမ်းမရိတ်စ်သို့ အမှန်တကယ် ရောက်လာပါက အရန်ခုံ ရောက်သွားရန် အလားအလာ အများဆုံးမှာ ဂျာမန်လက်ရွေးစင် ပိုဒေါ့စကီး ဖြစ်သည်။ သို့သော်လည်း ၎င်းက ယင်းအခြေအနေအပေါ် ဂရုမစိုက်ဘဲ ဆွာရက်ဇ်ကို အသင်းသို့ ရောက်လာစေလိုကြောင်း ဖွင့်ဟခဲ့သည်။ ပိုဒေါ့စကီးက "ဆွာရက်ဇ်ဟာ တကယ့် နာမည်ကြီး ကစားသမားပါ။ သူက ဂိုးတွေ အများကြီး သွင်းနိုင်တဲ့ တိုက်စစ်မှူးကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ အကြောင်းတွေ ပြောနေဖို့က ကျွန်တော့် ဆုံးဖြတ်ခွင့် မဟုတ်ပါဘူး။ မန်နေဂျာရဲ့ ကိစ္စပါ။ လာမယ့် သီတင်းပတ်တွေမှာ ဘာတွေ အပြောင်းအလဲ ရှိလာမယ် ဆိုတာကို ကျွန်တော် မသိပါဘူး"ဟု ဆိုသည်။