ပရီးမီးယားလိဂ် ချန်ပီယံဆုကို ယူနိုက်တက် ကာကွယ်နိုင်မည်ဟု ဗန်ပါစီ ယုံကြည်ထား
By maungmaung on အားကစား from www.soccermyanmar.com
နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးသည် အာဆင်နယ်မှ ပြောင်းရွှေ့လာသည့် ပထမဆုံး ဘောလုံးရာသီတွင်ပင် ပရီးမီးယားလိဂ် ဆုဖလားကြီးကို ဆွတ်ခူး ရယူနိုင်ခဲ့သည်။ ယခုအခါ ယူနိုက်တက်တွင် မန်နေဂျာ အပြောင်းအလဲအဖြစ် ဆာအဲလက်စ် ဖာဂူဆန်အစား ဒေးဗစ်မိုယက်စ်က တာဝန်ယူနေသော်လည်း ချန်ပီယံဆုအတွက်မူ အနေအထား ပြောင်းလဲသွားမည် မဟုတ်ဟု ဗန်ပါစီက မျှော်လင့်ထားသည်။ ဗန်ပါစီသည် ယခုအခါ အသင်း၏ လေ့ကျင့်ရေး အစီအစဉ်တွင် ပြန်လည် ပူးပေါင်းနေပြီဖြစ်ပြီး စနေနေ့က ဩစတြေးလျ All Starsကို (၅-၁)ဖြင့် အနိုင်ရသော ခြေစမ်းပွဲဋ (၁)ဂိုး သွင်းခဲ့သည်။