ဟီဂူရင်းနှင့် ရေနာတို့ နာပိုလီတွင် ဆေးစစ်မှု ပြီးမြောက်အောင်မြင်
By miemiekhine on အားကစား from news.yatanarpon.com.mm
နာပိုလီ အသင်းသည် အထင်ကရ ကစားသမား ခေါ်ယူမှု (၂) ခုအတွက် ဆေးစစ်မှုများ ပြုလုပ် ပြီးမြောက်သွားပြီ ဖြစ်သည်။ တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူရင်းရော၊ ဂိုးသမား ပီပီရေနာတို့ပါ နေပယ်လ်မြို့ အခြေစိုက် အီတလီ စီးရီးအေ ထိပ်သီး ကလပ်သို့ ရောက်ရှိလာပြီး ဆေးစစ်မှုများ ခံယူခဲ့ကြသည်။ နည်းပြ ရာဖာဘင်နီတက်ဇ်သည် PSG သို့ ရောင်းထုတ်လိုက်သည့် အီဒင်ဆန် ကာဗာနီ၏ နေရာတွင် အစားထိုးရန် ရီးယဲလ်မက်ဒရစ်မှ ဟီဂူရင်းကို ခေါ်ယူခဲ့သလို လီဗာပူးလ်မှ တပည့်ဟောင်းဖြစ်သူ ရေနာကိုလည်း အားဖြည့်ပေါင်းစည်း နိုင်ခဲ့သည်။ အသက် (၂၅) နှစ်ရှိ ဟီဂူရင်းကို နာပိုလီက ယူရို သန်း (၄၀) ဝန်းကျင်ဖြင့် ဝယ်ယူခဲ့ပြီး အသက် (၃၀) အရွယ် ရေနာကမူ အငှား ရောက်ရှိလာခြင်း ဖြစ်သည်။