မန်စီးတီးနှင့်အတူ ဆုဖလားများ ရရှိရန် မျှော်လင့်ထားသည့် နာဗက်စ်
By miemiekhine on အားကစား from news.yatanarpon.com.mm
မိမိအနေဖြင့် ဆုဖလားများ ရယူရန် မျှော်လင့်ချက်ကြောင့် မန်ချက်စတာ စီးတီးအသင်းကို ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်းနှင့် အာဆင်နယ် အသင်းထံမှ ကမ်းလှမ်းမှုကိုလည်း ငြင်းဆိုခဲ့ဖူးကြောင်း ဂျီးဆက်စ် နာဗက်စ်က ထုတ်ဖော် ပြောကြားလိုက်သည်။ အသက် (၂၇) နှစ်ရှိ စပိန်လက်ရွေးစင် တောင်ပံတိုက်စစ်သမားသည် ဆီဗီးလား အသင်းမှ ပေါင်စတာလင် (၁၅) သန်း ဝန်းကျင်ဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့သည်။ ၎င်းသည် လွန်ခဲ့သော (၃) နှစ်က အာဆင်နယ်၏ အလေးအနက် ကမ်းလှမ်းမှု တစ်ခုကို လက်ခံရရှိခဲ့သော်လည်း ငြင်းဆန်ဖူးကြောင်း ဆိုသည်။ ၎င်းက "အာဆင်နယ်က ကျွန်တော့်ကို ခေါ်ချင်လို့ ကမ်းလှမ်းလာချိန်မှာ ဆီဗီးလားက စပိန်ရှုံးထွက်ဖလား ရထားတယ်လေ။ ကျွန်တော် တွေးမိတယ်။ ဆီဗီးလားနဲ့အတူ အောင်မြင်မှုတွေ ရနိုင်သေးတယ် ဆိုတာကိုပါ။ ဒါကြောင့် အသင်းပြောင်းဖို့ မသင့်သေးဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နောက်ထပ် (၂) နှစ်၊ (၃) နှစ်အတွင်း ဘာအောင်မြင်မှုမှ မရခဲ့ဘူး။ ဒါကြောင့် အသင်းပြောင်းသင့်ပြီလို့ ကျွန်တော် ယူဆလိုက်ပါတယ်" ဟု ရှင်းပြခဲ့သည်။