မိမိ၏ ဦးဆောင်မှုအောက် မန်ယူ တစ်ခေတ်စတင်မည်ဟု နည်းပြမိုရက်စ် ကြုံးဝါး
By YaminThu on အားကစား from news.yatanarpon.com.mm
မန်ယူနည်းပြ ဒေးဗစ်မိုရက်စ်က အသင်းအား ကိုင်တွယ်ရာတွင် မိမိ၏ ကိုယ်ပိုင်နည်းလမ်း အစွမ်းအစဖြင့် ဦးဆောင်သွားရန် စိတ်ပိုင်းဖြတ်ထားကြောင်း၊ မိမိ၏ ဦးဆောင်မှုအောက်၌ မန်ယူတစ်ခေတ် စတင်မည်ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုလိုက်သည်။ အသက် ၅၀ အရွယ်ရှိ နည်းပြမိုရက်စ်သည် ဖာဂူဆန်၏ ရွေးချယ်မှုဖြင့် မန်ယူနည်းပြ ဖြစ်လာသူ ဖြစ်သည်။ မန်ယူတွင် ဖာဂူဆန်၏ သြဇာလွှမ်းမိုးမှု ရှိနေဦးမည် ဖြစ်သော်လည်း မိုရက်စ်ကမူ ဖာဂူဆန်၏ အရိပ်အောက်မှ ဖောက်ထွက်ကာ ကလပ်သမိုင်းတွင် မိမိ၏ သမိုင်းစာမျက်နှာသစ်ကို ရေးသားနိုင်ရန် အလိုရှိနေသည်။ မန်ယူနည်းပြ ဒေးဗစ်မိုရက်စ်က “ဒါဟာ ကျွန်တော့်အသင်း ဖြစ်လာပါပြီ၊ မန်ယူကို ကျွန်တော် လက်လွှဲရယူခဲ့ပြီး ကျွန်တော်က တာဝန်ခံပါ၊