ယူနိုက်တက်က မိမိကို လုံးဝ မကမ်းလှမ်း ခဲ့ဖူးကြောင်း သီယာဂို ထုတ်ဖော်ပြောကြား
By YaminThu on အားကစား from news.yatanarpon.com.mm
ယခု သီတင်းပတ် အတွင်း သီယာဂို၏ ဖခင်ဖြစ်သူ မာဇင်ဟိုကလည်း မိမိ၏သားသည် ယူနိုက်တက်နှင့် အလွန်နီးစပ်ခဲ့သေးကြောင်း ပြောဆိုခဲ့သည်ဟု သတင်းအချို့က ရေးသားလာသည်။ သို့သော်လည်း အသက် (၂၂) နှစ်ရှိ ကစားသမားက ယင်းဖော်ပြချက်မှာ မဟုတ်မှန်ကြောင်းနှင့် ယူနိုက်တက်သည် မိမိကို လုံးဝ မကြိုးပမ်းခဲ့ဟု ဖွင့်ဟသွားသည်။ "သတင်းတွေသာ ထွက်ခဲ့တာ။ တကယ်တမ်းကျတော့ ယူနိုက်တက်က ဘယ်သူမှ ကျွန်တော်တို့ဆီ စကားလာ မပြောခဲ့ပါဘူး။ ပြီးတော့ ဘိုင်ယန်ကို ပြောင်းချင်တာက ကျွန်တော့် ဦးစားပေး ဆန္ဒပါ။ တကယ်လို့ ရီးယဲလ်မက်ဒရစ်က ကျွန်တော့်ကို လိုချင်တယ် ဆိုပါတော့။ ဒါဆိုရင်လည်း ကျွန်တော့် ကိစ္စပဲ ဖြစ်မှာပါ"ဟု သီယာဂိုက ဆိုသည်။