ရွန်နီ အနေဖြင့် ယူနိုက်တက်တွင်သာ ဆက်ရှိနေမည်ဟု ချာလ်တန် ယုံကြည်ထား
By miemiekhine on အားကစား from news.yatanarpon.com.mm
ဝိန်းရွန်နီ အနေဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းတွင်ပင် ဆက်ကစားဖြစ်မည်ဟု မိမိ ယုံကြည်ကြောင်း ဆာဘော်ဘီ ချာလ်တန်က ပြောကြားလိုက်သည်။ ယူနိုက်တက်၏ ဂန္ထဝင် ကစားသမားဟောင်းကြီးဖြစ်သူ ချာလ်တန်သည် အသင်း၏ သက်တမ်းတစ်လျှောက် သွင်းဂိုးအများဆုံး စံချိန်ရှင် အနေဖြင့်လည်း ရပ်တည်နေသည်။ ၎င်းက ရွန်နီသည် မိမိ၏ စံချိန်ကို ချိုးဖျက်နိုင်ရန် အိုးလ်ထရက်ဖို့ဒ်တွင် ဆက်ရှိနေလိမ့်မည်ဟု ထောက်ခံခဲ့သည်။ အသက် (၂၇) နှစ်ရှိ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ရွန်နီသည် ယူနိုက်တက်တွင် အနာဂတ် မရေမရာ ဖြစ်နေပြီး ချယ်လ်ဆီးသို့ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိနေသည်။