မိမိ၏ အနာဂတ် စီမံကိန်း များတွင် မာတာလည်း ပါဝင်နေကြောင်း မော်ရင်ဟို အတည်ပြု
By miemiekhine on အားကစား from news.yatanarpon.com.mm
မိမိ၏ အနာဂတ် စီမံကိန်းများ ထဲတွင် ဟွမ်မာတာ ပါဝင်နေကြောင်း ချယ်လ်ဆီး အသင်း မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက အတည်ပြု ပြောကြားလိုက်သည်။ စပိန် လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင်သည် မော်ရင်ဟို အားသန်သည့် ကစားပုံနှင့် ကိုက်ညီမှု မရှိသည့်အတွက် အသင်းမှ ရောင်းထုတ်ခြင်း ခံရနိုင်ကြောင်း အစောပိုင်းက ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။ အထူးသဖြင့် အသက် (၂၅) နှစ်ရှိ ကစားသမားသည် မြန်နှုန်းပိုင်းတွင် အားနည်းချက် ရှိနေရာ မော်ရင်ဟိုက အီဒင်ဟာဇက်နှင့် အသင်းမှ အသစ်ခေါ်ယူ ထားသူ အန်ဒရီ ရှာရဲလ်တို့ကို ပိုမို နေရာပေး အသုံးပြုနိုင်ကြောင်း သတင်းများက ရေးသား ဖော်ပြခဲ့သည်။ မော်ရင်ဟိုကမူ မိမိသည် မာတာထံမှ အရည်အသွေးကောင်းများကို အသုံး ချသွားရန် ရည်ရွယ်ကြောင်း ဆိုသည်။