အားကစားပညာဘာသာရပ်အတွက် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦး လက်ခံမည်
By kokopaing on ပြည်တွင်း from www.7daynewsjournal.com
ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ်နှင့် မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်တို့တွင် ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးစီကို အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေ ၆၀ အချိုး၄၀ ဖြင့် လက်ခံသင်ကြားပို့ချသွားမည် ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်ထားသူများအနေဖြင့် အားကစားပညာဘာသာရပ်ကို လျှောက်ထားနိုင်မည်ဖြစ်ပြီး အားကစားနည်းတစ်ခုခုတွင် ခရိုင်၊ မြို့နယ်အဆင့် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် ရရှိဖူးသူကို ဦးစားပေးမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားသည်။
အဆိုပါ ဘာသာရပ်အတွက် အပ်နှင်းမည့်ဘွဲ့မှာ သိပ္ပံဘွဲ့(အားကစား)နှင့် ၀ိဇ္ဇာဘွဲ့(အားကစား) ဖြစ်ပြီး သင်ကြားချိန်လေးနှစ်နှင့် လက်တွေ့ကွင်းဆင်း ခြောက်လ၊ စုစုပေါင်း လေးနှစ်ခြောက်လကြာမြင့်မည် ဖြစ်သည်။