အလုပ်သမားအများစု တစ်ရက် ၁၃ နာရီ အလုပ်လုပ်နေရ
By yeaungnaing on ပြည်တွင်း from www.thithtoolwin.com
နိုင်ငံတကာ အလုပ်သမား ဥပဒေတွင် လုပ်သားတစ်ဦးသည် တစ်ရက်လျှင် အလုပ်ချိန် ရှစ်နာရီသာ သတ်မှတ်ထားသည့်အတွက် ယခုအလုပ်သမားများသည် တစ်ရက်လျှင် ငါးနာရီကြာ ပိုလုပ်နေရသည့် သဘော ဖြစ်နေသည်။
ပြီးခဲ့သည့် မေလက အမတ် ၂၆ ဦးဖြင့် ဖွဲ့စည်းလိုက်သည့် အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မရှင်သည် ရန်ကုန်နှင့် ပဲခူးတိုင်းတို့မှ စက်ရုံ ၃၆ ရုံကို ကွင်းဆင်းစစ်ဆေးကာ ယခုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။ကော်မရှင် လေ့လာခဲ့သည့် စက်ရုံများမှာ ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ ဆံပင်တုစက်ရုံ၊ ငါးပုစွန် အအေးခန်းစက်ရုံ၊ ဇာထိုးပန်းထိုးစက်ရုံ၊ လျှပ်စစ်စက်ရုံ၊ ပီနံအိတ်စက်ရုံ၊ သကြားလုံးစက်ရုံ၊ ကြွေပြားစက်ရုံနှင့် သစ်အချောထည်စက်ရုံတို့ဖြစ်သည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။