ချစ်သူနှင့် ထာဝရ လက်တွဲခွင့်ရပြီး ပျော်ရွှင်နေသည့် လီဗြောင်ဟွန်း
By yeaungnaing on ဖျော်ဖြေရေး from news.yatanarpon.com.mm
ချစ်သူနှင့် လက်ထပ် ထိမ်းမြားခွင့် ရခဲ့ခြင်းအတွက် အလွန် ပျော်ရွှင်မိကြောင်း တောင်ကိုရီးယား ရုပ်ရှင်မင်းသား လီဗြောင်ဟွန်းက ဝန်ခံ ပြောကြားလိုက်သည်။ တောင်ကိုရီးယား ရုပ်ရှင်လောက၏ ဦးဆောင် မင်းသားအဖြစ် လူသိများပြီး ဟောလီးဝုဒ်ထိ ထိုးဖောက်နိုင်ခဲ့သူ လီသည် ကာလရှည်ကြာ တွဲခဲ့သည့် ချစ်သူ လီမင်ဂျွန်းနှင့် စနေနေ့က လက်ထပ်ခဲ့ကြသည်။ ဆိုးလ်တွင် ကျင်းပခဲ့သော မင်္ဂလာပွဲသည် တောင်ကိုရီးယား ရုပ်ရှင်လောက၏ အလင်းလက်ဆုံး ကြယ်နှစ်ပွင့် ပေါင်းဖက်မှုလည်း ဖြစ်လာခဲ့သည်။ အသက် (၄၃) နှစ်ရှိ မင်းသားက ၎င်း၏ ချစ်သူနှင့် လက်ထပ်ခဲ့ရမှုအပေါ် "ကျွန်တော့်အတွက်တော့ အိပ်မက်တွေ တကယ်ဖြစ်လာတာပါပဲ" ဟု မီဒီယာများထံ ပျော်ပျော်ရွှင်ရွှင် မှတ်ချက်ပေးခဲ့သည်။