ဗြိတိန်၏ လူကြိုက် အများဆုံး သီချင်းပိုင်ရှင် မိုင်လီဆိုင်းရပ်စ်
By yeaungnaing on ဖျော်ဖြေရေး from news.yatanarpon.com.mm
မိုင်လီဆိုင်းရပ်စ်၏ သီချင်းတစ်ပုဒ်သည် ဗြိတိန်နိုင်ငံ၏ လူကြိုက်အများဆုံး သီချင်းများ စာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့သည်။ Disney စတားဟောင်းဖြစ်သည့် အမေရိကန် အဆိုတော် မင်းသမီးသည် Hannah Montana ရုပ်သံစီးရီးများတွင် လူငယ်ကြယ်ပွင့်လေး တစ်ဦးအဖြစ် စတင်ထင်ရှားလာပြီး ယခုအချိန်တွင်မူ ဆွဲဆောင်မှု ပြည့်ဝသည့် မိန်းကလေး တစ်ဦးအဖြစ် လူလားမြောက်လာခဲ့သည်။ အသက် (၂၀) အရွယ်ရှိ မိုင်လီသည် We Can't Stop သီချင်းဖြင့် ဗြိတိန်၏ လူကြိုက်အများဆုံး သီချင်းများ စာရင်းတွင် နံပါတ် (၁) နေရာကို သိမ်းပိုက်နိုင်ခဲ့သည်။ယခင်က ဗြိတိန်တွင် ယင်းကဲ့သို့ လူကြိုက်အများဆုံး သီချင်းစာရင်း ထိပ်ဆုံးနေရာ၌ မိုင်လီတစ်ခါမျှ ရပ်တည်ဖူးခြင်း မရှိခဲ့ပေ။