အင်တာနက် ဝက်ဘ်ဆိုက်တွင် ဆဲဆိုမှုများကို ရုရှား၌ တားဆီးသွားမည်
By yeaungnaing on နိုင်ငံတကာ from news.yatanarpon.com.mm
ရုရှားနိုင်ငံရှိ အင်တာနက် ဝက်ဘ်ဆိုက်များအတွင်း ရိုင်းပျသော အရေးအသားများနှင့် ဆဲဆိုမှုများကို တားဆီးသွားနိုင်ရန် ရုရှားအစိုးရက စီစဉ်ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ကလေးသူငယ်များအား မနှစ်မြို့ဖွယ် အမူအကျင့်များ ကူးစက်သွားမည်ကို စိုးရိမ်သောကြောင့် ရုရှားနိုင်ငံရှိ ဝက်ဘ်ဆိုက်များအတွင်း ဆဲဆိုသော စကားလုံးများ ပါရှိလာပါက ထိုဝက်ဘ်ဆိုက်ကို တားဆီးအရေးယူသွားမည်ဟု အစိုးရထိပ်တန်း အရာရှိတစ်ဦးဖြစ်သူ ယီလီနာမစ်ဇူလီနာက ထုတ်ဖော်ပြောကြားခဲ့သည်။
အင်္ဂလိပ်ဘာသာဖြင့် အသုံးပြုသော အင်တာနက် ဝက်ဘ်ဆိုက်များအတွင်း အသုံးပြုသူများသည် ရုရှားဘာသာ အပါအဝင် နိုင်ငံအတွင်း အသုံးပြုမှု အများဆုံးဖြစ်သော ဘာသာလေးမျိုးအဖြစ် ဆဲဆိုသော ရေးသားပြောဆိုမှုများ ပါဝင်လာပါက ထိုဝက်ဘ်ဆိုက်ကို ၂၄ နာရီအတွင်း ပိတ်ပစ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။