အရပ်ဘက် လူ့အဖွဲ့အစည်းများကို ကန့်သတ်ချုပ်ချယ်မှု မရှိသည့် ဥပဒေ ဖြစ်ရေး

By mohmohkhin on from www.news-eleven.com

"အစိုးရအနေနဲ့ အသင်းအဖွဲ့တွေ ဖွံ့ဖြိုးစေချင်ရင် ဖွဲ့စည်းခွင့် တောင်းရမယ် ဆိုတာကို ပယ်ဖျက်ပေးသင့်ပါတယ်။ မှတ်ပုံတင် မဖြစ်မနေ တင်ရမယ် ဆိုတာကို လက်မခံနိုင်ပါဘူး။ မှတ်ပုံတင်တဲ့ အဖွဲ့တွေကို အစိုးရအနေနဲ့ တရားဝင် ကာကွယ်ပေးဖို့ မှတ်ပုံတင်ခြင်း မတင်ခြင်းကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ပြီး မှတ်ပုံတင်တဲ့ အဖွဲ့တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သင့်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဒီဥပဒေကို ဆွေးနွေးရင် ကျွန်မတို့ တင်ပြတာတွေကို ပြင်ဆင်ဖို့ ဆွေးနွေးပေးမယ်လို့ ပြောခဲ့တဲ့အတွက် ပြင်ဆင်မယ်လို့လည်း မျှော်လင့်ပါတယ်" ဟု National Ngo Network မှ ဒေါ်နွယ်ဇင်ဝင်းက ပြောသည်။အဆိုပါ ဥပဒေကြမ်းအား အရပ်ဘက် အဖွဲ့အစည်းများ၏ သဘောဆန္ဒ မပါဝင်ဘဲ အတည်ပြုမည် ဆိုပါက လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ အာဆီယံ လူထုညီလာခံ ဦးဆောင်ကျင်းပရေး လုပ်ငန်းစဉ်များအပြင် နိုင်ငံတကာနှင့် ဆက်နွှယ်သည့် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!