အနုပညာရှင်တို့ပြောတဲ့ စုစည်းညီညွတ်မှုစွမ်းအား
By suwatisoe on ဖျော်ဖြေရေး from www.popularmyanmar.com
စုပေါင်းလုပ်ကိုင်မှုဆိုတဲ့ Team Work ဖော်ဆောင်မှုဟာ အသင်းအဖွဲ့အစည်းတိုင်းအတွက် မရှိမဖြစ်လို အပ်လှပါတယ်။ တစ်ယောက်အားထက် အများစုအားကို အခြေပြုကာ စုစည်းညီညွတ်မှုဖြင့် လုပ်ငန်းဆောင် တာအောင်မြင်ပြီးမြောက်မှုတွေရယူပိုင်ဆိုင်နိုင်တာ Team Work ရဲ့ အားသာချက်တစ်ခုပါပဲ။ အဲဒီလို ပြယုဂ်တွေကို ညွှန်းဖော်ဆိုရာမှာ ရုပ်ရှင်ဗီဒီယိုလောကသား၊ဂီတလောကသား တွေနဲ့ သဘင်လောကသား တွေရဲ့ စုပေါင်းလုပ်ကိုင်မှုအခြေပြုကာအနုပညာလုပ်ငန်းတွေဆောင်ရွက်
ခြင်းတွေပဲဖြစ်ပါတယ်။
ဝတ်မှုန်ရွှေရည်
ကစ်တို့ အလုပ်ဆိုတာ Team Work ပဲလေ။ အဲဒါကြောင့် တစ်ယောက်တည်းကောင်း နေလို့မရဘူး။ ဇာတ်ကားတစ်ကားဖြစ်ဖို့အတွက် မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံ၊ ဒါရိုက်တာ၊ ဟာသသရုပ် ဆောင်တွေ၊ စက်အဖွဲ့သားတွေ အကုန်လုံး Team Work ရှိမှ အလုပ်တစ်ခုဆိုတာ အောင်မြင် တာ။ Team Work မရှိရင် ဆားမခတ်ထားတဲ့ ဟင်းလိုမျိုးပဲ ပေါ့နေမှာ။