ဂျပန်ဘာသာစကားကျွမ်းကျင်မှုစာမေးပွဲ
By suwatisoe on ပြည်တွင်း from www.7daynewsjournal.com
ဂျပန်ဘာသာစကား ကျွမ်းကျင်မှုစာမေးပွဲ (JLPT)ကို ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဂျပန်သံရုံးက သတင်းထုတ်ပြန်ထားသည်။
စာမေးပွဲကြေးမှာ အဆင့်အလိုက်ခွဲခြားထားပြီး N1 အတွက် ကန် ၁၂ ဒေါ်လာ N2 နှင့် N3 အတွက် ၁၀ ဒေါ်လာနှင့် N4 နှင့် N5 အတွက် ၈ ဒေါ်လာဖြစ်ပြီး လျှောက်လွှာကြေးမှ ၁ ဒေါ်လာဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရန်ရန်ကုန်မြို့တွင် မြန်မာနိုင်ငံဂျပန်ပညာတော်
သင်ဟောင်းများအသင်း (MAJA)တွင် သြဂုတ် ၁၂ မှ ၂၂ ရက်၊ မန္တလေးမြို့တွင် HITO စင်တာ၌ သြဂုတ် ၂၇ မှ ၂၉ ရက်ထိ စာရင်းပေးသွင်းနိုင်သည်။