ဆိုနီကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ကာဇူအိုဟီရာအီ
By suwatisoe on အထွေထွေ from www.7daynewsjournal.com
ငယ်စဉ်က ဂိမ်းကစားခြင်းကို ခုံမင်နှစ်သက်ခဲ့ရာမှ ဖျော်ဖြေရေးလုပ်ငန်းတွင် စိတ်ဝင်စားလာသူ ဟီရာအီသည် ၁၉၈၄ ခုနှစ်တွင် နိုင်ငံတကာခရစ်ယာန်တက္ကသိုလ်မှ လစ်ဘရယ်အနုပညာဘွဲ့ရရှိခဲ့ပြီး ဆိုနီမြူးဇစ်ဖျော်ဖြေရေးကုမ္ပဏီတွင် အလုပ်ဝင်ခဲ့သည်။ ယင်းနေရာတွင် ဂျပန်နိုင်ငံအတွင်း နိုင်ငံတကာဂီတကို ဈေးကွက်တင်ရသည်။ နောက်ပိုင်းတွင် ဟီရာအီသည် နယူးယောက်မြို့ရှိ ဆိုနီကွန်ပျူတာ ဖျော်ဖြေရေးကုမ္ပဏီအကြီးအကဲ ဖြစ်လာသည်။ ၁၉၉၅ ခုနှစ် သြဂုတ်လတွင် ဆိုနီ၏ကွန်ပျူတာနှင့် ဗီဒီယိုဂိမ်းဌာနသို့ ရောက်ရှိခဲ့သည်။ အမေရိကန်နိုင်ငံ ဆိုနီကွန်ပျူတာဖျော်ဖြေရေးလုပ်ငန်းကို မစ္စတာကာဇူအို ဦးဆောင်ချိန်မှစ၍ ဆိုနီ၏ Play Station ဂိမ်းများမှာ အလွန်လူကြိုက်များလာပြီး ဆိုနီကုမ္ပဏီအတွက်လည်း အမြတ်ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သည်။ ကာဇူအိုကလည်း ဆိုနီ၏ဂိမ်းကြော်ငြာများကို NBA ၊ NHL ၊ NFL နှင့် NASCAR စသော အားကစားပွဲကွင်းများတွင်ပါ ထည့်သွင်းကြော်ငြာခဲ့သည်။