နတ်မောက်မြို့ လယ်ရှိ ဇေယျတု လက်ဘက်ရည်ဆိုင် ဖောက်ထွင်းမှုဖြစ်ပွား

By jackiekyaw on from www.thithtoolwin.com

မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့  တြိဂံလမ်းဆုံအနီး မြို့ မ ရဲစခန်းရှေ့တွင် ရှိနေသော ကိုဘိုသူ(ခ)သူရအောင်၏ ''ဇေယျတု''လက်ဘက်ရည် ဆိုင်နှင့် မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နု၏ နေအိမ်တို့ အား ၂၁/၈/၂ဝ၁၃ ည အချိန်တွင် ဖောက်ထွင်း ခိုးယူခံရရာ အဆိုပါမှုခင်းကို ဖေါ်ထုတ်နိုင်ရန်အတွက် နတ်မောက်မြို့  မြို့မ ရဲစခန်းမှ အပူတပြင်း ကြိုးစားနေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ၂ဝ/၈/၂ဝ၁၃ ညက ကိုဘိုသူတို့ မိသားစုသည်နံနက်တွင် ရွှေကျောင်း သို့ ဆွမ်းကပ်လှူရန် အခမ်းအနား ရှိနေခြင်းကြောင့် ပုံမှန်ညများ ထက်စော၍ အိပ်ယာဝင်ခဲ့ကြသည်။ ၂၁/၈/၂ဝ၁၃နေ့နံနက် ၂းဝဝနာရီခန့် တွင် တစ်ဝိုင်းထဲနေ သော ကိုဘိုသူ၏ ဇနီးမတိုး၏ မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နုက''ဘိုသူတို့မတိုး တို့ထကြဦး၊ငါတို့အိမ်ဘက်ကိုလူဝင်တယ်နဲ့တူ တယ်။ ဘီဒိုတွေလည်းပွင့်နေတယ်''ဟုပြောမှကိုဘိုသူတို့ဇနီးမောင်နှံမှာလည်း အိပ်ယာမှ ထကြည့်ရာ မိမိအိမ်အတွင်းမှာကိုပဲ ဘီဒိုသုံးလုံး၊ စားပွဲအံဆွဲနှင့်လက်ဘက်ရည်ဆိုင်အတွင်းမှ ဈေးသေတ္တာတို့ကို လိုက်လံစစ်ဆေးကြည့်ရာ အနေအထားများပုံမှန် မဟုတ်ကြောင်းတွေ့ရသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 1
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!