စိုးကျော်ကျော်ကို ယူ-၂၃ အသင်းသို့ ထပ်မံအားဖြည့် ခေါ်ယူ
By zawminnaing on အားကစား from news.yatanarpon.com.mm
စိုးကျော်ကျော်သည် ယူ-၂၃ အသင်းတွင် မကြာခဏ ရွေးချယ်ခံရသည့် ကစားသမား တစ်ဦးဖြစ်ပြီး ယခုတစ်ကြိမ် ရွေးချယ်မှုတွင် ချန်လှပ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ သို့သော် ယမန်နေ့က ကစားခဲ့သည့် ခြေစမ်းပွဲ အပြီးတွင် စိုးကျော်ကျော်ကို အသင်းသို့ လာရောက် ပူးပေါင်းရန် ပတ်ဆောင်ဟွာက ပြန်လည် ခေါ်ယူခဲ့သည်။ သို့ဖြစ်ရာ လက်ရှိ အချိန်တွင် ပဏာမ ယူ-၂၃ အသင်း၌ ကစားသမား (၃၁) ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပြီး တိုက်စစ်မှူးများ အဖြစ် စိုးကျော်ကျော်၊ စိုးပိုင်သွေး၊ ကျော်ကိုကို၊ ကောင်းစည်သူတို့ ရှိနေသည်။ နည်းပြချုပ် ပတ်ဆောင်ဟွာ၏ ကစားကွက် အနေအထားအရ တိုက်စစ်မှူး တစ်ဦးသာ အသုံးပြုလေ့ ရှိရာ မာဒေးကား ပြိုင်ပွဲအတွက် လူစာရင်း ဖြတ်ချိန်တွင် အဆိုပါ တိုက်စစ်မှူး (၄) ဦး အနက်မှ (၂) ဦးသာ လိုက်ပါခွင့် ရဖွယ် ရှိနေသည်။