လေယာဉ်စီးရန် ကြောက်ရွံ့လေ့ရှိသည့် ဂျနီဖာအနစ္စတန်
By zawminnaing on ဖျော်ဖြေရေး from news.yatanarpon.com.mm
ဂျနီဖာအနစ္စတန်က သူမသည် လေယာဉ်စီးရခြင်းကို ကြောက်ရွံ့သည့် စိတ်အခြေအနေမျိုး ရှိတတ်ကြောင်း ထုတ်ဖော် ပြောကြားသွားသည်။ အသက် (၄၄) နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးက သူမအနေဖြင့် အရက်ကို အလွန်အကျွံသောက်ပြီး မူးနေသည့်တိုင် လေယာဉ်ပေါ် ထိုင်လိုက်သည်နှင့် အကြောက်လွန်ကာ အမူးပြေသွားတတ်ကြောင်း ဝန်ခံခဲ့သည်။ ဂျနီဖာက သူမသည် လေယာဉ်စီးရန် ကိစ္စကြုံတိုင်းလည်း ဘီယာနှင့် အရက်များ သောက်လေ့ရှိကြောင်း ဆိုသည်။ ဗြိတိန် ရုပ်မြင်သံကြား အစီအစဉ် တစ်ခုဖြစ်သော Lorraine တွင် ဂျနီဖာက သူမ၏ ထူးခြားသော အစွဲဖြင့် ကြောက်ရွံ့တတ်မှုကို ထုတ်ဖော် ဖွင့်ဟသွားခြင်း ဖြစ်သည်။