ကလေးဓာတ်ပုံ မူပိုင်ခွင့် ကမ်းလှမ်းမှုကို ကင်ညီဝက်စ်စုံတွဲ ပယ်ချ
By zawminnaing on ဖျော်ဖြေရေး from news.yatanarpon.com.mm
ကလေးအတွက် ဓာတ်ပုံရိုက်ကူးရန် မူပိုင်ခွင့်ကို ဒေါ်လာ (၄) သန်း ဈေးပေး ကမ်းလှမ်းမှု တစ်ခု ရှိခဲ့သည့်တိုင် ကင်ညီဝက်စ်နှင့် ကင်မ်ကာဒက်ရှီယန်တို့က ငြင်းဆိုခဲ့ကြောင်း သိရှိရသည်။ ကင်မ်နှင့် ကင်ညီတို့သည် နော့သ်ဝက်စ် အမည်ရှိ သမီးလေးကို ဇွန်လက ဖွားမြင်ခဲ့ပြီးနောက် ကလေး၏ ပုံရိပ်ကို ပြင်ပ မီဒီယာများထံ ပြသမှု လုံးဝ မရှိခဲ့ချေ။ ယခုအခါ ဩစတြေးလျမှ သတင်းမီဒီယာ တစ်ခုက ကလေးငယ်၏ ဓာတ်ပုံများကို ဖော်ပြခွင့်ရရန် ဒေါ်လာ (၄) သန်းထိ ပေးချေ ကမ်းလှမ်းခဲ့သော်လည်း နာမည်ကျော် စုံတွဲက ငြင်းဆန်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မိမိတို့အတွက် ငွေကြေး မလိုအပ်ဟု ကင်ညီတို့က ဆုံးဖြတ်ကာ ယခုကမ်းလှမ်းမှုကို ပယ်ချခဲ့ခြင်းဟု ရင်းနှီးသူများက ဆိုသည်။