ဖက်ရှင် အကြံပေး တစ်ဦးအဖြစ် အောင်မြင်လိုသည့် ရိုစီ
By zawminnaing on ဖျော်ဖြေရေး from news.yatanarpon.com.mm
သူမအနေဖြင့် မော်ဒယ်လ်တစ်ဦး အဖြစ်သာမက ဖက်ရှင် အကြံပေး တစ်ဦး အနေဖြင့်ပါ အောင်မြင်စွာ ရပ်တည်လိုကြောင်း ရိုစီဟတ်တင်ဂမ် ဝှစ်တလေက ထုတ်ဖော် ပြောကြားခဲ့သည်။ M&S ဖက်ရှင် ကုမ္ပဏီနှင့် လက်တွဲခဲ့သော Transfromers: Dark of the Moon မင်းသမီးသည် M&S ၏ အမျိုးသမီး အတွင်းခံ အဝတ်အထည်များအတွက် သူမအနေဖြင့် မည်သို့မည်ပုံ အကြံပေးခဲ့သည်များကို ဖွင့်ဟ ပြောဆိုခဲ့သည်။ အသက် (၂၆) နှစ်ရှိ ဗြိတိသျှသူ မိန်းမချောလေးသည် အဆိုပါ အစီအစဉ်အတွက် M&S ၏ နာမည်ကျော် ဒီဇိုင်းပညာရှင် ဆိုဇီဂျန်ကင်ဆန်နှင့် ပူးပေါင်းခဲ့သည်။ သူမသည် M&S နှင့် အလုပ်တွဲလုပ်စဉ် ကိုယ်ဟန်ပြ ဓာတ်ပုံများ အရိုက်ခံခဲ့ပြီး ယခုအခါ Twitter တွင် ရိုက်ကွင်း နောက်ကွယ် ဗီဒီယိုမှတ်တမ်း တစ်ခုကိုပါ ပရိသတ်များအတွက် လွှင့်တင်ပေးခဲ့သည်။