ချယ်လ်ဆီးနှင့်ပွဲထက် လီဗာပူးလ်နှင့်ပွဲကို ပိုမို စိတ်ဝင်စားနေသည့် ဖာဒီနန်
By zawminnaing on အားကစား from news.yatanarpon.com.mm
ချယ်လ်ဆီးနှင့် ပွဲစဉ် ထက်စာလျှင် လီဗာပူးလ်နှင့် ကစားမည့် ပွဲစဉ်ကိုသာ မိမိ ပိုမို၍ စိတ်ဝင်စားနေကြောင်း မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ရီယိုဖာဒီနန်က ပြောကြားလိုက်သည်။ အင်္ဂလန် ဝါရင့် ခံစစ်မှူးကြီးက လာမည့် တနင်္လာနေ့ညတွင် အိုးလ်ထရက်ဖို့ဒ်၌ ကစားမည့် ချယ်လ်ဆီးနှင့်ပွဲအပေါ် မီဒီယာများက အာရုံစိုက် ဖော်ပြနေသော်လည်း လီဗာပူးလ်နှင့် ပွဲစဉ်က ပိုမို စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည်ဟု ဆိုသည်။ ချယ်လ်ဆီးနှင့်အတူ အောင်မြင်မှုများ ရယူခဲ့ဖူးသည့် ဟိုဆေးမော်ရင်ဟို အသင်းကို တစ်ကျော့ပြန် ကိုင်တွယ်ပြီး အိုးလ်ထရက်ဖို့ဒ်သို့ လာရောက်မည့် အနေအထားသည် ပွဲကြီးပွဲကောင်း ဖြစ်လာနိုင်သော်လည်း ဖာဒီနန်ကမူ ရှေ့ဆက် ကြုံရမည့် မန်ချက်စတာစီးတီးနှင့် လီဗာပူးလ်တို့ကဲ့သို့ ခါးသီးပြိုင်ဘက်များ အကြောင်းကိုသာ ပိုမိုတွေးတောလျှက်ရှိသည်။