Swan အဆောက်အအုံမှာ မြေငှားခနှင့် မြေအသုံးပြုခ ကြွေးကျန် ဒေါ်လာ ခုနစ်သိန်းကျော် မပေး၍ စည်ပင်မှ တရားစွဲထား

By maungmaung on from www.first-11.com

ရန်ကုန်မြို့၊ လမ်းမတော် (၁) လမ်း၊ ကမ်းနားလမ်းနှင့် ကျုံးကြီးလမ်းထောင့်ရှိ အကျယ်အ၀န်း ၀ ဒသမ ၇၂ ဧကရှိသော ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် မြေပေါ်တွင် စင်ကာပူ ကုမ္ပဏီတစ်ခုအား BOT စနစ်ဖြင့် ဆောက်လုပ်ခွင့် ပြုခဲ့သော Swan အဆောက်အအုံမှာ စည်ပင်သို့ မြေငှားရမ်းခ ကြွေးကျန်နှင့် မြေအသုံးပြုခ ပရီမီယံကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ခုနစ်သိန်းကျော် ပေးသွင်းခြင်း မရှိသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကုမ္ပဏီအား သုံးနှစ်ကြာ တရားစွဲထားကြောင်း သိရသည်။လူနေအိမ်ရာနှင့် စီးပွားဖြစ်လုပ်ငန်း အများစု ပါဝင်သော Swan အဆောက်အအုံမှာ အချက်အချာကျသည့် ကမ်းနားလမ်းတွင် တည်ရှိပြီး ယင်းအဆောက်အအုံကို စည်ပင်မှ မြေပေးကာ စင်ကာပူ MARPLAN Pte (Co.Ltd) ကို စင်ကာပူ BOT စနစ် (နှစ် ၃၀) ဖြင့် ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး အဆိုပါ အဆောက်အအုံကို ၁၉၉၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ကုမ္ပဏီတို့ ၁၉၉၇ ခုနှစ်တွင် BOT စာချုပ် ချုပ်ဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!