အများပြည်သူပိုင် ခေါင်းစဉ်အောက်မှာ အများညီတူ အခွင့်အရေးများ ယူနေကြသည်

By eieilwin98 on from news.yatanarpon.com.mm

ကားများရှုပ်ထွေးလာခြင်းနှင့် လမ်းပိတ်ဆို့ ကြန့်ကြာမှုသည် ဖွံ့ဖြိုးလာသည့် တိုင်းပြည်များတွင် ကြုံတွေ့ရမည့် လက္ခဏာတစ်ရပ် ဖြစ်သော်လည်း အများပြည်သူပိုင် လမ်းပေါ် အခွင့်အရေးတစ်ရပ်သဖွယ် စည်းကမ်းမဲ့ လုပ်ဆောင်ခြင်းမျိုးသည် ယင်းလမ်းမပေါ် အသုံးပြုနေသူများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်မှု ကွန်ရက် အဖွဲ့ဝင် တရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။
"ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး အဆင်ပြေဆုံးဖြစ်အောင် ဆောင်ရွက်ပါတယ်။ လမ်းမပေါ် နှစ်ထပ်ရပ်ထားတဲ့ ကားတွေဆို ဓာတ်ပုံရိုက်ထားပြီး အရေးယူပါတယ်။ တချို့ကိစ္စတွေတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူးပေါ့" ဟု အထက (၁) ဒဂုံ ကျောင်းဆင်းချိန် လမ်းရှင်းပေးမှုအား မိုးရွာထဲ၌ ဆောင်ရွက်ပေးနေသော အမည်ထုတ်ဖော် မပြောဆိုသည့် ဒုတပ်ကြပ်ရာထူး အဆင့်ရှိ ယာဉ်ထိန်းရဲ တစ်ဦးက ပြောသည်။ ကျောင်းသူကျောင်းသားများ အတွက် ပညာရေးသည် အရေးကြီးသဖြင့် ၎င်းတို့အား ဦးစားပေးရမည် ဖြစ်သည်။ သို့သော် ယင်းဦးစားပေးမှုအပေါ် ဂုဏ်တုဂုဏ်ပြိုင် ပြုခြင်းနှင့် လိုအပ်သည်ထက် ပိုမို အခွင့်အရေး ယူခြင်းသည် ကောင်းမွန်သည့် ကိစ္စမဟုတ်ကြောင်း ဒေါ်သီသီဟန် ကပြောသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 3
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!