အသင်း ပရိသတ်များ အမြင်မကြည်အောင် မီဒီယာများ မှိုင်းတိုက်နေဟု ဝင်းဂါး စွပ်စွဲ

By yeaungnaing on from www.soccermyanmar.com

အင်္ဂလိပ်မီဒီယာများသည် ပရိသတ်များအား အသင်းအပေါ် အမြင်မကြည်အောင် မှိုင်းတိုက်နေကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက စွပ်စွဲပြောကြားလိုက်သည်။အာဆင်နယ်သည် နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ယာယာ ဆာနိုဂိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်သာ ခေါ်ယူထားပြီး ဂွန်ဇာလို ဟီဂူအင်နှင့် လူးဝစ် ဆွာရက်ဇ်တို့ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အရေးနိမ့်ခဲ့သည်။ ထို့အပြင် ပရီးမီယားလိဂ် အဖွင့်ပွဲစဉ်တွင် အက်စ်တွန်ဗီလာကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်များက အသင်းအပေါ် အမြင်မကြည်မလင် ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ပရိသတ်များ အသင်းအပေါ် အမြင်မကြည်လင်ရခြင်းမှာ ယခင်နှစ်များက အာဆင်နယ်အသင်း ဆုဖလားများ မရရှိခဲ့ခြင်းနှင့် အပြောင်းအရွှေ့ရာသီတွင် ကစားသမားသစ် မဝယ်ယူနိုင်ခြင်းတို့အပေါ် မီဒီယာများ၏ လိုအပ်သည်ထက် ပိုမိုသော တုံ့ပြန်ချက်များကြောင့် ဖြစ်ကြောင်း အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 5
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!