အနာဂတ်ကို တိတိကျကျ ပြောဆိုရန် ရွန်နီကို မော်ရင်ဟို တောင်းဆို
By yeaungnaing on အားကစား from www.soccermyanmar.com
ဝိန်းရွန်နီ အနေဖြင့် မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာလိုခြင်း ရှိမရှိ ကိုယ်တိုင် ထုတ်ဖော် ပြောဆိုစေလိုကြောင်း ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ကြေညာလိုက်သည်။
အိုးလ်ထရက်ဖို့ဒ်တွင် ယူနိုက်တက်နှင့် ချယ်လ်ဆီးတို့ ဂိုးမရှိ သရေကျခဲ့သော ပွဲစဉ်၌ အသင်းတွင် မတည်မငြိမ် ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည့် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် ပွဲချိန်ပြည့် ဝင်ရောက် ကစားသွားပြီး အကောင်းဆုံး ခြေစွမ်းပြခဲ့သည်။ ယူနိုက်တက်၏ အိမ်ကွင်း ပရိသတ်များသည် အသက်(၂၇)နှစ်ရှိ ကစားသမားကို လိုလားဆဲဖြစ်ကြောင်း အော်ဟစ်ချီးကျူးမှုများနှင့် ကြိုဆိုခဲ့ကြသည်။ ယခုအခါ မော်ရင်ဟိုက ရွန်နီကို ရည်ညွှန်းကာ တိတိကျကျ ဆုံးဖြတ်ချက်မျိုး ချသင့်ပြီဟု သတိပေးလိုက်ခြင်း ဖြစ်သည်။