ချန်ပီယံဘွဲ့ ကာကွယ်နိုင်မည့် အရည်အသွေး ပြသသွားမည်ဟု ဗီဒစ် ကြုံးဝါး
By yeaungnaing on အားကစား from www.soccermyanmar.com
တနင်္လာနေ့တွင် ချယ်ဆီးနှင့် ယှဉ်ပြိုင်ကစားရမည့် ပွဲတွင် ခက်ခဲသည့် ပွဲတစ်ပွဲ ဖြစ်သော်လည်း ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ ကာကွယ်နိုင်မည့် အရည်အသွေးကို လက်တွေ့ပြသသွားမည်ဟု မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်က ပြောကြားလိုက်သည်။ယူနိုက်တက်သည် ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက ၁၁ မှတ် အသာဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သော်လည်း ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားပြီးနောက် အသင်း၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ မေးခွန်းထုတ်ခံနေရသည်။ သို့ရာတွင် ယူနိုက်တက် ဗဟိုနောက်ခံလူ ဗီဒစ်က ယူနိုက်တက် အနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အသင့်ရှိနေပြီး ယခုနှစ် အသင်း၏ ခြေစွမ်းမှာ ပြီးခဲ့သည့်နှစ် ခြေစွမ်းထက် ပိုမိုကောင်းမွန်လာသည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။