ဘာစီလိုနာနှင့် ချယ်ဆီး ကစားသမားဟောင်း ဒေကို ကစားသမားဘဝမှ အနားယူ
By yeaungnaing on အားကစား from www.soccermyanmar.com
ဘာစီလိုနာနှင့် ချယ်ဆီး ကစားသမားဟောင်းဖြစ်သူ ဒေကိုသည် ဘောလုံးကစားသမား ဘဝမှ အနားယူပြီ ဖြစ်ကြောင်း ၎င်း၏ ၃၆ နှစ်မြောက် မွေးနေ့တွင် ကြေညာပြောကြားခဲ့သည်။ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟောင်းဖြစ်သူ ဒေကိုသည် ၎င်း၏ ဘောလုံးကစားသမား ဘဝကို ဘရာဇီး ကလပ် ဆယ်လ်ဂူရီယိုတွင် စတင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ပေါ်တိုအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ပေါ်တိုအသင်းနှင့် ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပြီးနောက် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ဘာစီလိုနာတွင် လေးနှစ်ကြာ ကစားခဲ့ပြီးနောက် ချယ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီး စတမ်ဖို့ဒ်ဘရစ်ခ်ျတွင် နှစ်ရာသီအကြာ ကစားခဲ့သည်။