မိုဘိုင်းလ် ဆင်းမ်ကတ်များ အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက် ရောင်းချမည်

By cherrythet on from news.yatanarpon.com.mm

အခြေခံ အဆောက်အဦးများ တည်ဆောက်ပြီးစီးပါက လိုအပ်ချက်နှင့်အညီ ဖြန့်ချိပေးမည်ဟု ဆိုထားသည့် မိုဘိုင်းလ် ဆင်းမ်ကတ်များကို လက်ရှိရောင်းချထား ပေးနေသည့်အတိုင်း အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။ သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် လစဉ်ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ဖြန့်ချိနေခြင်းဖြစ်ပြီး ယင်းအတိုင်းသာ ဆက်လက် ဖြန့်ချိမည် ဖြစ်ကြောင်း ဦးသောင်းတင်က ထပ်လောင်း ပြောကြားသည်။ “ဒီလိုရောင်းတာ ဘယ်အချိန်အထိ ရောင်းမှာလဲဆို မလိုချင်တော့တဲ့ အချိန်အထိ ရောင်းသွားမှာပါ” ဟု ဦးသောင်းတင်က ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ် ဆင်းမ်ကတ်များကို အကန့်အသတ်ဖြင့်သာ ဖြန့်ချိနေခြင်းကြောင့် သမ္မတဦးသိန်းစိန် သတ်မှတ်ပေးသည့် ၁၅၀၀ ကျပ် ဈေးနှုန်းများ ပြင်ပဈေးကွက်တွင် အဆတစ်ရာနီးပါး ကွာဟနေကြောင်း ဖုန်းအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 4
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!