ရုပ်ရှင်အစည်းအရုံးကို ထွက်ပေးဖို့ တောင်းဆိုကြတဲ့ ရုပ်ရှင်လောကသား အချို့

By cherrythet on from news.yatanarpon.com.mm

ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော် (ဆုဗီဒီယို ထုတ်လုပ်ရေး) ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သြဂုတ်လ ၉ ရက်နေ့က တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပေမယ့်လည်း ၎င်းဟာ အမှတ် ၁၆၊ ဝင်္ကဘာလမ်း၊ ငါးထပ်ကြီး အနောက်ရပ်ကွက် ဗဟန်းမြို့နယ်မှာရှိတဲ့ ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ရုံးခန်းကို ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူများထံ ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ ကျူးကျော် ဝင်ရောက်ပြီး ဆက်လက် သုံးစွဲနေတာကြောင့် အရေးယူပေးပါရန် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ သရုပ်ဆောင် ဦးလူမင်းက ဗဟန်းမြို့နယ် ရဲစခန်းကို သြဂုတ်လ ၂၃ ရက်နေ့က တိုင်ကြားခဲ့တယ်လို့ ကာယကံရှင်များက ပြောဆိုခဲ့ပါတယ်။ထိုကဲ့သို့ အပြန်အလှန် တရားစွဲဆိုမှုများဟာ ၎င်းတို့ရဲ့ပုဂ္ဂိုလ်ရေး ကိစ္စများသာ ဖြစ်ပြီး မိမိတို့နဲ့ မသက်ဆိုင်ကြောင်း၊ အနုပညာလောက ကောင်းကျိုးအတွက် လုပ်ကြသည့် ကိစ္စဆိုလျှင်မူ မှန်တဲ့ဘက်က ထောက်ခံသွားမှာ ဖြစ်ကြောင်း သရုပ်ဆောင် ဦးသူရ (ခ) ဇာဂနာက မှတ်ချက်ပြုခဲ့ပါတယ်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 4
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!