အိန္ဒိယ EXIM ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ဆက်သွယ်ရေး၊ ပို့ဆောင်ရေးများ ပါဝင်သည့် လုပ်ငန်းစီမံကိန်း ခုနစ်ခု ဆောင်ရွက်မည်

By cherrythet on from news.yatanarpon.com.mm

အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ် EXIM ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ဆက်သွယ်ရေး၊ ပို့ဆောင်ရေး လုပ်ငန်းများ ပါဝင်သည့် လုပ်ငန်းစီမံကိန်း ခုနစ်ခုကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာအစိုးရ၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံချင်းနှင့် လူ့အဖွဲ့အစည်းများမှ ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် များအရ သိရသည်။အဆိုပါလုပ်ငန်း စီမံကိန်းခုနစ်ခုတွင် ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း မိုက်ခရိုဝေ့ဗ် ဆက်ကြောင်း တည်ဆောက်ခြင်း လုပ်ငန်း (ရိဒ် - ကနေဒီ - ဟားခါး - မတူပီ - မင်းတပ် မိုက်ခရိုဝေ့ဗ်ဆက်ကြောင်း)၊ စက်ခေါင်းတွဲများနှင့် တွဲများ၊ သံလမ်းပြေး ကရိန်းများ၊ အရန်ပစ္စည်းများ ဝယ်ယူခြင်း၊ အဓိက စက်ခေါင်းစက်ရုံ နှစ်ရုံနှင့် အဓိက တွဲပြင် စက်ရုံတစ်ရုံတို့အား အဆင့်မြှင့်တင်ခြင်း၊ လှိုင်သာယာ-ကျိုက်လတ် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်း၊ ဗန်းမော် - နဘား - ငှက်ပျော်ဒိုင်း - အုန်းတော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်း တောင်တွင်းကြီး - မန်း နှစ်ထပ်မဟာ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းနှင့် ဆည်ရေသောက်စနစ် ဖွံ့ဖြိုးရေး စီမံကိန်း။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 4
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!