အိုးလ်ထရက်ဖို့ဒ်တွင် (၁) မှတ် ရခဲ့သည်ကို ကျေနပ်ရမည် ဖြစ်ကြောင်း မော်ရင်ဟို မှတ်ချက်ပြု
By jasmineaye on အားကစား from news.yatanarpon.com.mm
အိုးလ်ထရက်ဖို့ဒ်တွင် သရေ ကျခဲ့ခြင်းသည် ကျေနပ် လက်ခံရမည့် ရလဒ်ဟု ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ဝန်ခံ ပြောကြားခဲ့သည်။ ယခုရာသီ ပရီးမီးယား လိဂ်၏ ထိပ်သီး ကလပ်နှစ်ခု ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် မန်ချက်စတာ ယူနိုက်တက်၏ အိမ်ကွင်း၌ ချယ်လ်ဆီးတို့ ဂိုးမရှိ သရေကစားကာ (၁) မှတ် ခွဲယူနိုင်ခဲ့သည်။ နှစ်သင်းလုံး အားသန်သော ဗျူဟာချဉ်းကပ်မှုများဖြင့် တိုက်စစ်ဆင်ရန် ကြိုးပမ်း ခဲ့သော်လည်း ဂိုးမသွင်းနိုင်ဘဲ ပွဲပြီးခဲ့သည်။ ချယ်လ်ဆီးသည် ယခုပွဲ သရေရလဒ်ကြောင့် ပရီးမီးယား လိဂ်တွင် (၃) ပွဲကစားပြီး (၇) မှတ်ထိ ရရှိထားပြီ ဖြစ်သည်။ မော်ရင်ဟိုက မိမိ၏ အသင်းကို ယခုထက် ပိုမို တိုက်စစ်ဆင်စေလိုသော်လည်း အိုးလ်ထရက်ဖို့ဒ်မှ တစ်စုံတစ်ခု ရလာသည့် အခြေအနေတိုင်းကို အကောင်းမြင်ရန်သာ ရှိနေကြောင်း ဝန်ခံခဲ့သည်။