ထားဝယ်မြို့မှ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီသို့ နေ့ချင်းပြန် ခရီးသွားနိုင်ပြီ

By htainlin on from news.yatanarpon.com.mm

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ထိုင်းနိုင်ငံ ကန်ချနာဘူရီသို့ ထီးခီးနယ်စပ်ဂိတ်မှ တစ်ဆင့်နေ့ချင်းပြန် တစ်နေ့တာ သွားရောက် လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း ထားဝယ်- ထီးခီးယာဉ်လိုင်းများထံမှ သိရသည်။ နေ့ချင်းပြန် သွားနိုင်ရန်အတွက် ထားဝယ်မှ နံနက် ၄ နာရီခန့်တွင် ထွက်ခွာရန် လိုအပ်ကာ ထီးခီးသို့ နံနက် ၈- နာရီခန့် ရောက်ရှိမည် ဖြစ်ပြီး ထီခီးမှ တစ်ဆင့် ဆက်လက်ထွက်ခွာလျှင် နံနက် ၉- နာရီခန့်တွင် ကန်ချဘူရီသို့ ရောက်ရှိမည်ဟု သိရသည်။
ထို့နောက် ကန်ချနာဘူရီတွင် လည်ပတ်ပြီး မွန်းလွဲ နှစ်နာရီသို့မဟုတ် ညနေ သုံးနာရီခန့်တွင် ပြန်လည် ထွက်ခွာလာပြီး ထားဝယ်မြို့သို့ ၈ နာရီခန့်တွင် ပြန်ရောက်နိုင်ကြောင်း သိရသည်။ မြန်မာနယ်စပ် ထီးခီးဂိတ်တွင် ယာယီနယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ်များကို လွယ်ကူစွာ ပြုလပ်ပြီး ကန်ချနာဘူရီ ခရိုင်အတွင်းလွတ်လပ်စွာ လည်ပတ်နိုင်ကြောင်း တစ်ဦးစ နှစ်ဦးစ နေ့ချင်းပြန် သွားလိုသူများအနေဖြင့် ထားဝယ်မှ ထီးခီးအထိ ပြဿနာ မရှိသော်လည်း ထီးခီးမှ ကန်ချနာဘူရီ ခရိုင်အတွင်း လည်ပတ်ရာတွင် လူအနည်းငယ်ဖြင့် ကားစီးရမည်ဖြစ်၍ အုပ်စုလိုက် သွားမည်သူများထက် ကုန်ကျစရိတ် ပိုများမည် ဖြစ်ကြောင်း ။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 5
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!