ပြည်လုံးကျွတ် အပစ်ရပ် လက်မှတ်ထိုးနိုင်မှသာ နိုင်ငံရေး တွေ့ဆုံပွဲ ကျင်းပနိုင်မည် ဖြစ်ကြောင်း MPC ဆို
By htainlin on နိုင်ငံရေး from news.yatanarpon.com.mm
အဆိုပါ အလွတ်သဘော တွေ့ဆုံပွဲကို RCSS မှ ဗိုလ်မှူးကြီး စိုင်းလနှင့် ဗိုလ်မှူး စိုင်းလောင်ဆိုင်တို့ ၂ ဦး တက်ရောက်ခဲ့ကြပြီး MPC မှ ဦးလှမောင်ရွှေ၊ ဦးအောင်နိုင်ဦးနှင့် ဒေါက်တာ မင်းဇော်ဦးတို့က လက်ခံတွေ့ဆုံခဲ့သည်။ နှစ်ဦးနှစ်ဖက် လုပ်ငန်း အထောက်အကူပြု အဖွဲ့များ အပြန်အလှန် ဆွေးနွေးခြင်းသည် MPC ၏ အလုပ်ဖြစ်ပြီး အနာဂတ်ကို ရှေ့ဆက်သွားရမည့် ကိစ္စရပ်များ ဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆိုသည်။"မနေ့က နိုင်ငံတော် သမ္မတ လမ်းညွှန်ပြောကြားချက်အထဲမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပတ်သက်တာ ပါတယ်။ အဲဒါနဲ့ပဲ သူတို့နဲ့ ပြန်ညှိနှုန်းမှုတွေ ဖြစ်လာခဲ့တယ်။ RCSS ဘက်က ပြီးခဲ့တဲ့ ဆွေးနွေးပွဲတုန်းက ပြောခဲ့တဲ့ဟာတွေ ဖြစ်တဲ့ တပ်ဆုတ်တဲ့ ကိစ္စတွေ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေကို တင်ပြ ဆွေးနွေးသွားတယ်" ဟု ၎င်းက ဆိုသည်။