မာတာကို သဘောကျသော်လည်း ချယ်လ်ဆီးက မိမိတို့ထံ ရောင်းချမည် မထင်ကြောင်း ဝင်းဂါးဝန်ခံ
By htainlin on အားကစား from www.soccermyanmar.com
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ချယ်လ်ဆီး ကွင်းလယ်လူ ဟွမ်မာတာကို နှစ်သက် သဘောကျမိသော်လည်း ချယ်လ်ဆီးက မြို့ခံပြိုင်ဘက်ထံသို့ ကစားသမားတစ်ဦး ရောင်းချပေးရန် မသေချာကြောင်း ဝန်ခံ ပြောကြားလိုက်သည်။ပြင်သစ်သား မန်နေဂျာကြီးက ချယ်လ်ဆီးတွင် အနာဂတ် မရေမရာ ဖြစ်နေသည့် စပိန်လက်ရွေးစင်ကို အလိုရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ မာတာသည် ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟို လက်အောက်တွင် ပွဲထွက်နေရာအတွက် ရုန်းကန်နေရပြီး ချယ်လ်ဆီးသို့ ထပ်မံရောက်ရှိလာမည့် ကွင်းလယ်တိုက်စစ်သမား ဝီလျံကြောင့် အရန်ခုံတွင် ထိုင်နေရရန် ပိုမို နီးစပ်လာဖွယ် ရှိနေသည်။ အိုးလ်ထရက်ဖို့ဒ်တွင် မန်ချက်စတာ ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရာ၌ မာတာမှာ အရန်ခုံတွင်သာ ထိုင်နေခဲ့ရပြီးနောက် ၎င်းသည် ချယ်လ်ဆီးတွင် အနာဂတ် မရှိနိုင်တော့ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။