တောရက်စ်၏ ချယ်လ်ဆီးကစားသမားဘဝ ဆုံးခန်းတိုင်သွားပြီဟု ကာရေဂါသုံးသပ်

By htainlin on from www.soccermyanmar.com

ဖာနန်ဒိုတောရက်စ်၏ ချယ်လ်ဆီး ကစားသမားဘဝ တောက်ပမှုများ ဆုံးခန်းတိုင်သွားပြီဟု Sky Sports ဘောလုံးအစီအစဉ်မှူး ဂျင်မီကာရေဂါက မှတ်ချက်ပြု ပြောကြားလိုက်သည်။လီဗာပူးလ်တွင် ဆယ်စုနှစ် နှစ်ခုဝန်းကျင် ဖြတ်သန်းကစားခဲ့သလို တောရက်စ်နှင့်လည်း တွဲကစားဖူးသည့် ကာရေဂါသည် ပြီးခဲ့သည့် ဘောလုံးရာသီက ကစားသမား ဘဝမှ အနားယူခဲ့သည်။ ယခုအခါ Sky Sportsအတွက် အလုပ်လုပ်နေသည့် အင်္ဂလန် ခံစစ်မှူးဟောင်းက မန်ချက်စတာ ယူနိုက်တက်ကဲ့သို့ ပြိုင်ဘက်မျိုးနှင့် ကစားရသည့် ပွဲစဉ်တွင် ဦးစားပေး (၁၁)ယောက် စာရင်းမှ ချန်လှပ်ခံရမှုသည် တောရက်စ်အပေါ် မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ယုံကြည်မှု မထားနိုင်ခြင်းဟု ယူဆကြောင်း သုံးသပ်ခဲ့သည်။ တောရက်စ်သည် လီဗာပူးလ်တွင် ပရီးမီးယားလိဂ် (၉၁)ပွဲ၌ (၆၅)ဂိုး သွင်းခဲ့သော်လည်း ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း(၅၀)ဖြင့် ချယ်လ်ဆီးသို့ ကူးပြောင်းလာကတည်းက ဖိအားများနှင့် ရုန်းကန်နေရသည်။
You must login to tell this story to your friend(s). No account yet? Join now, it's simple and of course free!
You must login to share this story to a group. No account yet? Join now, it's simple and of course free!
  • 2
  • Bury
  • Vote

You must login to vote this story. Don't have an account yet? Join now, it's simple & free!

You must login to bury this story. Don't have an account yet? Join now, it's simple & free!

Login To ShweHub

No account yet? Join us now, it's free!