ဘဏ္ဍာရေးပြဿနာ မရှိသောကြောင့် ဖယ်လိုင်နီနှင့် ဘိန်းစ်တို့ကို ရောင်းချမည်မဟုတ်ဟု မာတီနက်ဇ် ပြောကြား
By htainlin on အားကစား from www.soccermyanmar.com
အသင်းတွင် ဘဏ္ဍာရေး ပြဿနာ မရှိသောကြောင့် လေတန်ဘိန်းစ်နှင့် မော်ရိုဖယ်လိုင်နီ တို့ကို ရောင်းချရန် မလိုအပ်ကြောင်း အဲဗာတန် မန်နေဂျာ ရော်ဘတ်တို မာတီနက်ဇ်က ပြောကြားလိုက်သည်။ပြီးခဲ့သည့် ရက်သတ္တပတ်က ဘိန်းစ်နှင့် ဖယ်လိုင်နီတို့ နှစ်ဦးအတွက် မန်ချက်စတာယူနိုက်တက်က ပေါင် ၂၈ သန်းနှင့် ကမ်းလှမ်းမှုကို အဲဗာတန်အသင်းက ပယ်ချခဲ့ပြီးနောက် အိုးထရတ်ဖို့ဒ်မှ ထပ်မံကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်း မရှိသေးပေ။ အဲဗာတန်အသင်းသည် ပြီးခဲ့သည့်နှစ်များက ဝိန်းရွန်နီ၊ ဂျက်ခ်ရော့ဒ်ဝဲလ်၊ ဂျိုလီယွန် လက်စ်ကော့ စသည့် အရည်အချင်းရှိသော ကစားသမားများကို အသင်းတွင် ထိန်းသိမ်းထားနိုင်ခြင်း မရှိဘဲ လက်လွှတ်ခဲ့ရသည်။ သို့သော်လည်း အဲဗာတန်အသင်းသည် လက်ရှိအချိန်တွင် နေရာတစ်နေရာ၌ အခိုင်အမာ ရပ်တည်နေနိုင်သည်မှာ ယုံမှားဖွယ်ရာ မရှိကြောင်း မာတီနက်ဇ်က ပြောကြားခဲ့သည်။