ကာယကံမေတ္တာ လူမှုကူညီသူများမှ ကလေးမြို့အတွင်းအမှိုက်ပုံးများ လိုက်လံချထားပေး
By suwatisoe on ပြည်တွင်း from www.zaygwet.com
ကာယကံမေတ္တာလူမှုကူညီသူများမှ ကလေးမြို့နယ်အတွင်း အမှိုက်ပုံးများ လိုက်လံချထားပေးနေကြောင်းသိရသည်။ ''အခုလောလောဆယ် နေရာချထား ပေးပြီးတာ နှစ်နေရာ၊နှစ်လုံးရှိပါပြီ။ ဆက်လက်ပြီး အသင်းနဲ့ အလှူရှင်တွေနဲ့ တိုင်ပင်ပြီး လိုအပ်မယ့်နေရာတွေမှာ လိုက်လံချထားပေးသွားမှာပါ။ ညောင်ပင် သာရပ်ကွက်မှာ အရင်ဖြစ် လိမ့်မယ်။ အဲဒီရပ်ကွက်မှာက မေတ္တာရှင်အသင်းက အမှိုက်တွေကိုကူညီတင်ပေးတယ်ဆိုတော့ အလုပ်တွင်တယ်လေ''ဟု ဦးဆောင် ဆရာတော် ဦးဓမ္မိက(ပညာဒါန)မှ မိန့်ကြားခဲ့သည်။''အမှိုက်ပုံးတစ်ပုံးအတွက် ကုန်ကျစရိတ် သုံးသောင်းကျော်လောက်ကျပါတယ်။ ဒီအမှိုက်ပုံးတွေလိုက်လံချထားပေးရတဲ့ ရည်ရွယ်ချက်က မြို့သန့်ရှင်း စေရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြို့နယ်စည်ပင်ကို ကူညီ ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ''ဟု ဆရာတော်မှ ဆက်လက်မိန့်ကြားခဲ့သည်။ ''ကလေးမြို့မှာ အမှိုက်စွန့်ပစ်တဲ့နေရာမှာ တော်တော်လေးစည်းကမ်းမဲ့ နေသေးတာတွေ့ရတယ်။လမ်းလျှောက်ရင်းဖြစ်ဖြစ်၊ ဆိုင်ကယ်ပေါ်၊ ကားပေါ် ကပဲဖြစ်ဖြစ် အလွယ် တကူပစ်ထား ကြတာများတယ်။ နောက်တစ်ခုက အမှိုက်ပုံးလည်း သတ်သတ်မှတ်မှတ်မရှိတာကြောင့် အလွယ်တကူစွန့်ပစ်ကြတယ်လို့ ထင်တယ်။ သက်ဆိုင်ရာက အမှိုက်ပုံးတွေကို ကျယ်ကျယ်ပြန့်ပြန့် ထားပေး မယ်ဆိုရ