နော့စ်ကောင်တီ၏ တုံ့ပြန်အားကို လီဗာပူးလ်မန်နေဂျာ ရော့ဂျာချီးကျူး
By sandarmoe on အားကစား from news.yatanarpon.com.mm
အန်းဖီးလ်တွင် ကျားကုတ်ကျားခဲ တုံ့ပြန်ကစားပြီး မိမိတို့ကို အခက်ကြုံစေခဲ့သည့် နော့စ်ကောင်တီကို လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ချီးကျူးစကား ပြောကြားလိုက်သည်။ Capital One ဖလားပွဲစဉ်တွင် လီဗာပူးလ်သည် (၂-၀) ဖြင့် ပွဲကို ဦးဆောင်ခဲ့သော်လည်း မိနစ် (၉၀) မပြည့်မီမှာပင် နော့စ်ကောင်တီက (၂) ဂိုး ပြန်ချေသွားခြင်းကြောင့် အကျပ်တွေ့ခဲ့ရသည်။ သို့သော်လည်း အချိန်ပိုတွင်မူ အိမ်ရှင်တို့ (၂) ဂိုး ထပ်သွင်းသဖြင့် လီဗာပူးလ်အသင်း ထိတ်လန့်ဖွယ် အခြေအနေတစ်ရပ် ကြုံရမည့်ဘေးမှ ကင်းဝေးခဲ့သည်။ လီဗာပူးလ်အတွက် ဂိုးများကို ရာဟင်စတာလင်၊ ယော်ဒန်ဟန်ဒါဆင်တို့က တစ်ဂိုးစီ သွင်းယူပြီး တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျက နှစ်ဂိုးသွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ရော့ဂျာက "တကယ့်ကို စိတ်ဝင်စားစရာ ပွဲတစ်ပွဲပါပဲ။ ပထမပိုင်းမှာ ကျွန်တော်တို့ လုံးဝဥဿုံ ထိန်းချုပ်နိုင်စွမ်း ရှိခဲ့တာ အားလုံးအမြင်ပါ။ ဒုတိယပိုင်း အစမှာလည်း ကျွန်တော်တို့က အသာစီး ရနေဆဲ ဖြစ်ခဲ့ပါတယ်"ဟု ဆိုသည်။