ဟာသဇာတ်လမ်းတွဲ တစ်ခုအတွက် လင်းဆေးလိုဟန်ကို HBO ချဉ်းကပ်နေ
By sandarmoe on ဖျော်ဖြေရေး from news.yatanarpon.com.mm
လင်းဆေးလိုဟန် အနေဖြင့် ဇာတ်မြူး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ တစ်ခုတွင် ပါဝင်သရုပ်ဆောင်ဖွယ် ရှိနေကြောင်း သိရှိရသည်။ ယာဉ်စည်းကမ်း ပျက်ကွက်မှုများကြောင့် ပြန်လည်ထူထောင်ရေး စခန်းတွင် သွားရောက်နေထိုင်ရပြီး မကြာသေးမီကမှ လွတ်မြောက်လာသည့် အဆိုတော် မင်းသမီးကို HBO က ဆက်သွယ်နေပြီး ဇာတ်လမ်းတွဲ တစ်ခုတွင် ပါဝင်ရန် ကမ်းလှမ်းထားသည်။ အဆိုပါ ပရောဂျက်ကို လင်းဆေး ကိုယ်တိုင်ကလည်း အလွန်အမင်း စိတ်ဝင်စားနေဟန် ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အသက် (၂၇) နှစ်ရှိ လင်းဆေးသည် ရက်(၉၀) ကြာအောင် ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းတွင် နေထိုင်ခဲ့ပြီးနောက် အနုပညာ လှုပ်ရှားမှုများ တစ်ကျော့ပြန် စတင်ရန် အစီအစဉ် ရေးဆွဲနေဆဲ ဖြစ်သည်။